ပြည်သူ့စစ်သား

လုံခြုံရေးပေးလျှင် CDM လုပ်မည့် စစ်သား ၅ဝဝခန့် စာရင်းရှိနေတယ်

(INUG)ကသာ လုံခြုံရေးကူညီပေးနိုင်လျှင် တစ်လအတွင်း နောက်ထပ်စစ်သား ၅ဝဝခန့် CDM လုပ်မည့်စာရင်းရှိကြောင်း ပြည်သူ့စစ်သား ကဏ္ဍက ယနေ့ရေးသားဖော်ပြသည်။ ပြည်သူ့စစ်သားကဏ္ဍသည် CDM ပြုလုပ်ထားသည့် စစ်တပ်မှ အရာရှိများ၊ စစ်သားများပြုလုပ်ထားပြီး CDM ပြုလုပ်သူ၎င်းတို့အတွက် INUG နှင့် ချိတ်ဆက်ပေးခြင်း၊ အကူအညီပေးခြင်းများလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။ စစ်သားအင်အား ၅ဝဝခန့် အရေအတွက်သည် တိုက်ခိုက်ရေးအင်အားအရဆိုလျှင် တပ်ရင်း ၅ရင်းခန့်မျှ ရှိပြီး ပြည်သူနှင့် ပြည်သူ့စစ်သား ပေါင်းစည်းခြင်းသည် သွေးမြေကျမှုအနည်းဆုံးနှင့် အောင်ပွဲရမည့်နည်းလမ်းဖြစ်ကြောင်း ယင်းအဖွဲ့က…


ငါတို့ကျဆုံးပါစေ တရားကသာအနိုင်ရပါစေဆိုတဲ့ စီဒီအမ်ဝင်လာတဲ့ လေတပ်ကတပ်ကြပ်ကြီး

ကျနော်က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က လေ ၃၃၄၀၀ တပ်ကြပ်ကြီး ထက်နိုင်အောင်ပါ။ ခြေလျင်စစ်သားမဟုတ်ပေမယ့် တပ်မတော်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့် တပ်မတော်ကိုစွန့်ခွါခဲ့ပါတယ်။ “ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာ ကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြည်သူ့ဘက်ရပ်တည်ရင် စစ်ဥပဒေအရ ပြစ်မှုကြီးတာကြောင့် စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ မတရားတဲ့ဥပဒေတွေနဲ့စီရင်ခံရမှာကို ကြောက်တတ်တဲ့အတွေးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်သားတွေကို ပြည်သူက ထောက်ပံ့တယ်။ တစ်ခါတလေ သူတို့ရဲ့အသက် အန္တရာယ်ထက်CDM…