ကမ္ဘာပျက်ရင်ပြေးဖို့ ရုရှာလေယာဉ်ပျံအကောင်းစားထွင်
ကမ္ဘာပျက်ရင်၊သို့မဟုတ် နျူကလီးယားစစ်ဖြစ်ရင် နိုင်ငံ့ရဲ့အရေးကြီး စစ်ဘက်၊ အရပ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကို ခေါ်ဆောင်ပြေးဖို့အတွက် ရုရှားက Doomsday plane လို့သတ်မှတ်ကြတဲ့ လေယာဉ်ကြီး ၂ စီးကို တီထွင် ထုတ်လုပ်နေပါပြီ။ ရုရှားလေတပ်နဲ့အထူးတပ်ဖွဲ့အနေနဲ့ Il-96-400M လေယာဉ်အပေါ်မှာ အခြေခံ တည်ဆောက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ Il-96-400M စနစ်ဟာ Il-96 ခပ်ဝဝ အရပ်သုံးလေယာဉ်ကို အဆင့်မြှင်တင် ထားတာပါ။ လက်ရှိအဆိုပါမျိုးကွဲကို သမ္မတပူတင်အနေနဲ့ လေကြောင်းကနေ ခရီးသွားရင် စီးလေ့ရှိပါတယ်။ အမေရိကန်သမ္မတစီးတဲ့…