ဒေါ်လာ သန်း ၆၀၀ ကို အပျင်းပြေချင်လို့ ဟက်လိုက်တာဆိုတဲ့ ဟက်ကာ၊ ကုမ္ပဏီကတောင် တောင်းပန်နေရ
ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့ ခရစ္စပတိုကာရန်စီဟက်ကာတဦးဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ ရက်နေ့က ဒေါ်လာသန်း ၆၀၀ကျော်ကိုဟက်ခဲ့ပါတယ်။ ပိုလီနက်ခ်ဝက်ဆိုတဲ့ အဖွဲ့အစည်းတခုဆီက ခရစ္စပတိုငွေတွေကို ဟက်ခ်ခဲ့တာဖြစ်ပြီး၊ တွစ်တာမှာ တော်တော်လေးနာမည်ကြီးသွားပါတယ်။ ဟက်ခ်ကာဟက်လိုက်လို့ ပိုလီနက်ခ်ဝက်အဖွဲ့အစည်းမှာ ပြဿနာအကြီးအကျယ်တက်သွားပါတယ်။ ကာလပေါက်ဈေး ဒေါ်လာသန်း ၆၀၀ကျော်အထိ ခရစ္စပတိုငွေတွေပါသွားချိန်မှာ ဘာမှမလုပ်တတ်တော့ပါဘူး။ တွစ်တာမှာ အသနားခံစာရေးခဲ့ပြီး၊ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခုလိုဟက်ခ်သွားတဲ့အထဲမှာ လူထောင်နဲ့ချီတဲ့သူတွေရဲ့ပိုက်ဆံတွေပါလို့ ပြန်ပေးဖို့ကို ချစ်လှစွာသော ဟက်ခ်ကာလို့ကိုသုံးနှုန်းခဲ့ပါတယ်။ နောက်တော့ ဟက်ခ်ကာနဲ့အဆက်အသွယ်ရပြီး၊ ဒေါ်လာသန်း ၂၆၀ဖို့ပြန်ပေးခဲ့ပါတယ်။ ပြန်ပေးခဲ့ချိန်မှာ…