ပါကစ္စတန်

တာလီဘန်တွေက အာဖဂန်တွေကို ချုပ်ချယ်မှု မရှိစေရဘူးလို့ ကတိပေး

အနာဂတ်တွင် ခိုင်လုံသည့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အာဖဂန်များအချိန်မရွေး လွတ်လပ်စွာ ခရီးသွားလာနိုင်လိမ့်မည်ဟု တာလီဘန်အကြီးတန်းအရာရှိတစ်ဦးက ကန့်သတ်ချက်များကြောင့် လူအများကြောက်ရွံ့ခြင်းကို ငြိမ်းအေးစေရန်ရည်ရွယ်ပြီး ရုပ်မြင်သံကြားတွင် သောကြာနေ့ (ဩဂုတ်လ ၂၇ ရက်) ကပြောကြားခဲ့ကြောင်း straitstimes သတင်းတွင်ဖော်ပြထားသည်။ အာဖဂန်နစ္စတန် နယ်နိမိတ်များပွင့်လာပြီး အများပြည်သူအနေဖြင့် အချိန်မရွေး အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်ထွက်သွားလာနိုင်ကြလိမ့်မည်ဟု နိုင်ငံရေးကော်မရှင်ဒုတိယအကြီးအကဲ Sher Mohammad Abbas Stanikzai က ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ် အနောက်ကယ်ဆယ်ရေး စစ်ဆင်ရေးပြီးဆုံးမည့် ရက်မတိုင်မီ…


အိန္ဒိယအတွက် အသက်ရှူရပ်စေဖို့ ပါကစ်စတန်က နျူသယ်နိုင်တဲ့ ဒုံးကျည်စမ်းပ

ပြီးခဲ့တဲ့ကြာသပတေးနေ့က ပါကစ္စတန်တပ်မတော်ဟာ မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး အကွာအဝေး ၂၉၀ ကီလိုမီတာအထိ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါဒုံးပျံအမည်ကို Gaznavi လို့အမည်ပေးထားပြီး ဒီလိုထပ်မံပစ်လွှတ် စမ်းသပ်တာဟာ မဟာဗျူဟာတပ်ဖွဲ့တွေရဲ့ အသင့်ဖြစ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာစနစ်တွေကို အတည်ပြုထိန်းသိမ်းမှုရှိစေချင်လို့လို့ ဆိုပါတယ်။ ပါကစ္စတန်နဲ့အိန္ဒိယဟာ ၁၉၉၈ ခုနှစ် မေလကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ နျူကလီးယားသယ်ဆောင်နိုင်တဲ့ စမ်းသပ်မှုတွေကို မကြာခဏဆိုသလို အပြိုင် ပြုလုပ်နေကြတာပါ။…


အာဖဂန်ပြည်သူတွေရဲ့ မျက်ရည်ကို ဘိုင်ဒင် လစ်လျူရှုလိုက်ပြီတဲ့လား

တာလီဘန်စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ မြန်မြန်ဆန်ဆန်ကြီး ရှေ့ကိုတိုးလာကာ နယ်မြေတွေ သိမ်းပိုက်နေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်ကနေ သူတို့တပ်တွေ ဆုတ်ခွာလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရပါဘူးလို့ ပြောလိုက် ပါတယ်။ အာဖဂန်ခေါင်းဆောင်တွေကို သူက ညီညွတ်ကြပါ၊ “နိုင်ငံအတွက် တိုက်ပွဲဝင်ကြပါ” လို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်မြေမှာ တိုက်ခိုက်တာခံခဲ့ရတဲ့ 9/11 အဖြစ်အပျက်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အတွင်းမှာပဲ အမေရိကန်တပ်တွေဦးဆောင်တဲ့ စစ်တပ်တွေ အာဖဂန်မှာ နေရာချကာ စစ်သွေးကြွတွေကို စစ်ဆင်ခဲ့ကြပါတယ်။…


ကာကွယ်ဆေးအားလုံးကိုခံနိုင်ရည်ရှိတဲ့ ကိုဗစ် မျိုးကွဲ Epsilon ဗိုင်းရပ်စ်သစ်ထွက်ပေါ်လာ

တကယ်တော့ Epsilon ဆိုတဲ့ ကိုဗစ်မျိုးကွဲကို ၂၀၂၀ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ နယ်စပ်ခြင်းထိစပ်မှုဖြစ်နေတဲ့ ပါကစ္စတန်မှာ ယခုတွေ့ရှိနေပြီဖြစ်တာကြောင့် အိန္ဒိယပညာရှင်တွေကတော့ အထူးသတိပေးတာတွေလုပ်နေကြပါတယ်။ မြန်နှုန်းမြင့်ကူးစက်မြန်ပိုးလည်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့အားသာချက်က တော့ ယခုထွက်နေတဲ့ကာကွယ်ဆေးတွေ အပေါ်ကို ခံနိုင်ရည်ရှိတာပါပဲ။ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ Lahore မြို့မှာ အဆိုပါကိုဗစ်ပိုးကူး စက်ခံနေရသူ အနည်းဆုံး ၅ ဦးကို စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့အာဏာပိုင်တွေကဆိုပါတယ်။ Epsilon မျိုးကွဲကို CAL.20C လို့လည်းအမည်ခေါ်ပြီး အမေရိကန်နိုင်ငံ…