အိန္ဒိယအတွက် အသက်ရှူရပ်စေဖို့ ပါကစ်စတန်က နျူသယ်နိုင်တဲ့ ဒုံးကျည်စမ်းပ
ပြီးခဲ့တဲ့ကြာသပတေးနေ့က ပါကစ္စတန်တပ်မတော်ဟာ မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ဒုံးပျံဟာ နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်ပြီး အကွာအဝေး ၂၉၀ ကီလိုမီတာအထိ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ အဆိုပါဒုံးပျံအမည်ကို Gaznavi လို့အမည်ပေးထားပြီး ဒီလိုထပ်မံပစ်လွှတ် စမ်းသပ်တာဟာ မဟာဗျူဟာတပ်ဖွဲ့တွေရဲ့ အသင့်ဖြစ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာစနစ်တွေကို အတည်ပြုထိန်းသိမ်းမှုရှိစေချင်လို့လို့ ဆိုပါတယ်။ ပါကစ္စတန်နဲ့အိန္ဒိယဟာ ၁၉၉၈ ခုနှစ် မေလကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ နျူကလီးယားသယ်ဆောင်နိုင်တဲ့ စမ်းသပ်မှုတွေကို မကြာခဏဆိုသလို အပြိုင် ပြုလုပ်နေကြတာပါ။…