အိုလံပစ်ကျင်းပရာ ဂျပန်မှာ ကိုဗစ်ပိုးတွေ ပိုးစက်ပက်စက်ကူးခံနေရ
အိုလံပစ် ပြိုင်ပွဲကျင်းပနေတဲ့ ဂျပန်မှာ ကိုဗစ် – ၁၉ ကူးစက်မှုတွေ တက်လာနေတာကြောင့် တိုကျိုမှာ အရေးပေါ်အခြေအနေကြေညာထားတာကို သက်တမ်းထပ်တိုးလိုက်သလို တခြားဒေသတွေအထိပါ တိုးချဲ့လိုက်ပါတယ်။ တိုကျိုမြို့တော် အနီးဝန်းကျင် ဒေသတွေအပြင် အိုဆာကာ မြို့အထိပါ ကန့်သတ်မှုတွေ ပြဋ္ဌာန်းသတ်မှတ် လိုက်ပြီဖြစ်ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂ ကလည်း ကူးစက်မှုနှုန်းဟာ မထင်ထားလောက်အောင် မြန်နေတာကြောင့် ပြည်သူလူထုကို အိုလံပစ် ပြိုင်ပွဲတွေကို အိမ်ကပဲ အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။…