နိုင်ငံရေး

တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏…


ပို့ကုန်လုပ်ငန်းတွေ ထိခိုက်နေ ဘာ့ကြောင့်လဲ

သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်ဆောာင်ရာမှာ ကွန်တိန်နာကုန်သေတ္တာ လိုအပ်ချက်မြင့်မားနေတာကြောင့် သယ်ယူခစရိတ်ပိုကုန်ပြီး ပို့ကုန်တင်ပို့တဲ့လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာသင်္ဘောလိုင်းတွေရဲ့ ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်တာ လျော့ကျခဲ့တာပါ။ သင်္ဘောတွေ အဝင်နည်းလာတာနဲ့အတူ ပြည်တွင်းဈေးကွက်မှာ ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာပြီး ပြည်ပကို ကုန်တွေ အချိန်မီတင်ပို့ဖို့ ခက်ခဲလာပါတယ်။ ကုန်တင်ပို့ဖို့ ကုန်သေတ္တာတွေကို ငှားရမ်းခပိုပေးနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ “မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံကို ကုန်တင်ပို့ရင် ဆုံးရှုံးနိုင်ခြေများမယ်လို့ နိုင်ငံတကာလုပ်ငန်းတွေက မြင်လာကြတာကြောင့် မြန်မာနိုင်ငံကို…