နိုင်ငံခြားရေးဝန်ကြီးဌာန

ပြောမယ့်သာပြောတာ တရုတ်နျူလက်နက်တွေအပေါ် အမေရိကန်လည်းစိုးရိမ်နေပြီ

တရုတ်၏ နျူကလီးယားလက်နက် အင်အားများပြားလာခြင်း ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အာရှနိုင်ငံခြားရေးဝန်ကြီးများ၊ မိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံပေါင်းနှစ်ဒါဇင်ကျော်ပါဝင်သော အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ၏ အွန်လိုင်းအစည်းအဝေးတွင် ဘလင်ကင်က တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသော အပြုအမူကို ရပ်တန့်ရန်နှင့် တိဘက်၊ ဟောင်ကောင်နှင့် ရှင်ကျန်းတို့တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်” ဟု အမေရိကန်နိုင်ငံခြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…