နိုင်ငံ

နိုင်ငံတကာလေကြောင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ရှေ့လကုန်အထိယာယီကန့်သတ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေ ကြောင်းခရီးစဉ်များဖြင့် ခရီးသည်များဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးသည် များစွာအရေးပါသည့် အ တွက် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို စက်တင်ဘာလကုန်အထိ ယာ ယီကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက် လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသည်တင်…