ဓာတ်ပေါင်းဖို

မြောက်ကိုရီးယားထမင်းငတ်နေပြီလား နျူကလီးယားလက်နက်ပြန်လုပ်နေပြန်ပြီ

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက်များအတွက် ပလူတိုနီယံများထုတ်လုပ်နိုင်ရန် နျူကလီးယားဓါတ်ပေါင်းဖိုကို ပြန်လည်လည်ပတ်လုပ်ကိုင်ခဲ့ပုံပေါ်ကြောင်း ကုလသမ္မဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတွင်ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂ဝဝ၉ ခုနှစ်နောက်ပိုင်းကတည်းက နျူကလီးယားစုံစမ်းစစ်ဆေးရေးအရာရှိများကိုနှင်ထုတ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလုပ်ဆောင်နေမှုကို နိုင်ငံအတွင်းဝင်ရောက်လေ့လာနိုင်ခြင်းမရှိတော့ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏နျူကလီးယားဓါတ်ပေါင်းဖိုများကို ၂ဝ၁၈ ခုနှစ်ဒီဇင်ဘာအစောပိုင်းမှ ၂ဝ၂၁ ခုနှစ် ဇူလိုင်လအစောပိုင်းအထိလည်ပတ်လုပ်ကိုင်ခြင်းမျိုးမရှိခဲ့သော်လည်း ၂ဝ၂၁ခုနှစ် ဇူလိုင်လအစောပိုင်းကစတင်ပြီး ယွန်ဗြောင်းနျူကလီးယားဓါတ်ပေါင်းဖိုလည်ပတ်မှုများ လုပ်နေကြောင်း နိုင်ငံတကာနျူကလီးယားစွမ်းအင်စောင့်ကြည့်ရေးအေဂျင်စီ (IAEA) ၏ နှစ်ပတ်လည်အစီရင်ခံစာတွင်ဖော်ပြထားသည်။…