ဒူးရင်းသီး

လူသိနည်းလှတဲ့ မြန်မာပြည်က ဒူးရင်းသီး ရာဇဝင် (ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေသည်)

ဟို……တစ်ချိန်တစ်ခါတုန်း ကတော့ ဒူးရင်းသီးဆိုတာ လူတိုင်းစားခွင့်မရှိတဲ့ အသီးတစ်မျိုး။ တော်ဝင်မျိုးနွယ်တွေသာ စားသုံးခွင့်ရှိတဲ့ အသီးတစ်မျိုး။ ဒူးရင်းသီးတွေကို သာမာန်ပြည်သူတွေ စားခွင့်မရှိ၊ စိုက်ခွင့်မရှိ၊ နန်းတွင်းက မင်းမျိုးမင်းနွယ်တွေလည်း ဒူးရင်းသီးကို စားပြီးတဲ့အခါတိုင်း ဒူးရင်းစေ့တွေကို တာဝန်ရှိသူတွေက သေချာရေတွက်၊ အပင်မပြန့်ပွားနိုင် အောင်အစဉ်ဆက် ဖျက်စီးပစ်ခဲ့ကြတယ်။ ဒါဟာလည်း မရိုးတော့တဲ့ နန်းတွင်း အစဉ်အလာ တစ်ခုပါပဲ ။ဒီလိုနဲ့ပဲ ဒူးရင်းသီးတွေဟာ နန်းတွင်းထဲမှာပဲ တော်ဝင်အစားစာတစ်ခုအဖြစ်နဲ့ အစဉ်ဆက် လည်ပတ်နေခဲ့ပါတယ်။ အင်းဝခေတ်။ မဟာဓမ္မရာဇာဓိတိ။…