ဒုံးကျည်စနစ်

အင်အားကြီးနိုင်ငံတွေကို ချေခွင့်ရတော့မယ် အိန္ဒိယ ပြည်တွင်းထုတ်အင်ဂျင်နဲ့ဒုံးကျည်အောင်မြင်ပြီ

အကွာအဝေး ၁၀၀၀ ကီလိုမီတာအထိ ရောက်ရှိနိုင်တဲ့ ပြည်တွင်းထုတ် Nirbhay Subsonic ခရုဇ်ဒုံးကျည် စမ်းသပ်မှုမှာ ယခင်က ရုရှားအင်ဂျင်စနစ်တွေကို အသုံးပြုနေပေမယ့်လည်း ယခုအခါမှာတော့ပြည်တွင်းထုတ် အင်ဂျင်စနစ်နဲ့ အောင်မြင်စွာ အစားထိုးတပ်ဆင်ပစ်ခတ်စမ်းသပ်နိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ အဆိုပါစနစ်ကို အိန္ဒိယနာမည်ကျော် Defence Research and Development Organisation (DRDO)က အိုဒီရှားပြည်နယ် ချန်ဒီပူးမှာရှိတဲ့ စမ်းသပ်ရေးကွင်းမှာ ပစ်လွှတ်ခဲ့ကြတာပါ။ စမ်းသပ်ပစ်လွှတ်တဲ့ဒုံးကျည်စနစ်ဟာ၁၀၀ ကီလိုမီတာအကွာအဝေးကို ၁၅ မိနစ်ခန့်ပျံသန်းခဲ့တယ်လို့သိရှိရပါတယ်။ နျူကလီယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ဒုံးကျည်စနစ်ဖြစ်ပြီး…


စစ်ဘုရင် ဂျာမန်လေတပ်အတွက် အစွယ်တစ်ချောင်းပေါက်ဖွားလာပြီ

Meteor ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တွေနဲ့ ပတ်သက်လို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးဖြစ်တာကြောင့် Eurofighter Typhoon တိုက်လေယာဉ်တွေဆီကို တပ်ဆင်တော့မှာဖြစ်တယ်လို့ ပြင်သစ်လေတပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဆိုပါးစမ်းသပ်မှုကို Bavaria မှာရှိတဲ့ Neuberg လေတပ်အခြေစိုက်စခန်းရဲ့ အမှတ် ၇၄ နည်းဗျူဟာ လေယာဉ်အုပ်က တိုက်ဖွန်းလေယာဉ်တွေမှာ တပ်ဆင်ပစ်လွှတ်စမ်းသပ်ခဲ့တာပါ။ စမ်းသပ်ပစ်လွှတ်မှုမှာ တိုက်လေယာဉ် ၂ စီးပါဝင်ခဲ့သလို ဒုံးကျည်တွေကို တပ်ဆင်သယ်ဆောင်ပစ်လွှတ်နေစဉ် အချိန်တစ်လျှောက်လုံး လေယာဉ်ရဲ့စွမ်းဆောင်ရည်နဲ့ ညွှန်ပြတဲ့အချက်အလက်တွေကို ဆန်းစစ်ဖို့အတွက် တိုက်ရိုက်ကြည့်ရှုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။…