ဒီဇယ်

ဆီလုပ်ငန်းရှင်များထံမှ ဒီဇယ်ဆီများ စစ်ကောင်စီ အလှူခံ

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်ဟုဆိုကာစက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းဝင်များကို ဒီဇယ်ဆီများ မန္တလေးတွင် အလှူခံနေသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရဆိုကာ ဩဂုတ်လ ၂၆ ရက်နေ့နေ့စွဲဖြင့် တောင်းခံသောစာတွင် ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုပြီး စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို “စေတနာတတ်အားသရွှေ့” လှူဒါန်းပေးကြပါရန်ဟုဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက ဘဏ်အများအပြား ပိတ်ထားခဲ့ရပြီး ဘဏ်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများကြောင့် ပြည်ပသွင်းကုန်ဖြစ်သည့် စက်သုံးဆီတင်သွင်းမှု ငွေပေးချေရာတွင် အခက်အခဲရှိလာသည်။ ထို့အပြင် မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာမှုကြောင့်လည်း…