ဒလန်

ဧရာဝတီ မြို့လေးမြို့မှ လူပုဂ္ဂိုလ်(၆၀)ကျော်ကို ဒလန်ဟုသောခေါင်းစဉ်ဖြင့်သတိပေးထားပြီ

ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ် အစရှိသည့် မြို့များမှ အသတ်ခံရနိုင်ခြေရှိသည့်သူများစာရင်းဟူ၍ PDF နှင့်ချိတ်ဆက်ထားသည့် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက ထုတ်ပြန်ကြေညာသတိပေးနေသည်ကို တွေ့ရသည်။ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုဆိုသည့် လူမှုကွန်ရက်မှတစ်ဆင့် လူနာမည်စာရင်းများကို အတိအလင်းထုတ်ဖော်သတိပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဖော်ပြခံရသူများမှာ စစ်ကောင်စီနှင့် ပတ်သက်နေသည်ဟု အတိအလင်းရေးသားထားသည်ကို တွေ့ရသည်။ သြဂုတ်လ(၂၂)ရက်၌ ထုတ်ပြန်လာသောအချက်အလက်တွင် “ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့မှ စစ်အကြမ်းဖက်အုပ်စု၏ လက်ပါးစေများ။ သတိကြီးကြီး ထားကြသင့်ပြီ။ ခင်ဗျားတို့အတွက် စိတ်အေးသက်သာရှိရာနယ်မြေဟူ၍…