ဒရုန်းတိုက်ခိုက်မှု

သင်္ဘောတိုက်ခိုက်မှုမှာ အစ္စရေးကိုကြောက်လို့အီရန်ဖင်ပိတ်ငြင်းနေ

အိုမန်ကမ်းလွန်မှာ အစ္စရေးတို့ထိန်းချုပ်ထားတဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ မိမိတို့ပတ်သက်မှုမရှိကြောင်း အီရန်က ငြင်းဆိုလိုက်ပါတယ်။ အစ္စရေးကတော့ အီရန်အပေါ် အပြစ်တင်ထားပြီး အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။ အစ္စရေးဝန်ကြီးချုပ် Naftali Bennett ကတော့ အတော်ဒေါသဖြစ်နေပြီး အတော်သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ရှုံ့ချထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က အစ္စရေးကတော့ ဒေသတွင်း ပြဿနာတက်အောင် အမှုရှာနေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဗြိတိန်နဲ့ ရိုမေနီးယားနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြပါတယ်။…