မွတ်စလင်တွေကို နေရာပေးမယ်လို့ ရခိုင်တို့ရဲ့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော
ရခိုင်ပြည်နယ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ကြိုးပမ်းနေကြောင်း အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက် မနေ့က ပြောလိုက်ပါတယ်။ အာရက္ခမီဒီယာနဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းမှာ ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အခုလို ပြောဆိုခဲ့တာပါ။ “သူတို့ကို ကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးကဏ္ဍနဲ့ ရဲလုပ်ငန်းကဏ္ဍတွေမှာ ပါဝင်လာဖို့ မှန်းထားပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ…