ရွာလယ်တိုက်ပျက်ကြီးထဲမှာ နေတဲ့စစ်သားတွေ…ငိုနေကြတယ်…
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင် ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ ညောင်ပင်ကြီးအောက်ရောက်လာသည်။ ” ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ…” သတင်းထူး၊ သတင်းဦးကို အမောတကော ပြေးလာပြောခြင်း ဖြစ်သည်။ ”ဘာဖြစ်လို့ငိုတာလဲကွ…” တအံံ့တသြ မေးမိကြသောစကား။ ” မသိဘူးကွ…၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ…။ တချို့ကတော့ တိုက်နံရံ ကို လက်သီးနဲ့ထိုးပြီိး ငိုတာကွ…” ”လာကွာ… သွားကြည့်ရအောင်…”…