ထိုင်ဝမ်

အာဖဂန်ကိုစွန့်ခွာသလို ထိုင်ဝမ်ကိုလည်း အမေရိကန်တွေစွန့်ခွာမှာစိုး၊ကာကွယ်ရေးအသုံးစရိတ်တိုး

လာမယ့်နှစ်အတွက် အနည်းငယ်သာတိုးမြှင့်ထားတဲ့ ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို သြဂုတ် ၂၆ ရက်မှာ ထိုင်ဝမ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံထံမှ ဖိအားတွေနဲ့တိုးမြှင့်ရင်ဆိုင်နေရတဲ့ ထိုင်ဝမ် အနေနဲ့ တိုက်လေယာဉ်သစ်များဝယ်ယူဖို့အတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေတိုးမြှင့်ပေးနေပြီး လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်ကိုပိုင်နက်အဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားအသုံးပြုမယ်လို့ပြောဆိုထားပါတယ်။ သမ္မတဆိုင်အင်းဝမ်ရဲ့ အစိုးရအဖွဲ့ဟာ…


တရုတ်ကို လှော်ဖို့ ထိုင်ဝမ်နဲ့ဂျပန် ပေါင်းဖို့လုပ်ပြီ

ဂျပန်နှင့် ထိုင်ဝမ်တို့၏ အာဏာရပါတီများသည် ယင်းတို့၏ ပထမဆုံးသော နှစ်ဦးနှစ်ဘက်ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဂျပန်နှင့် ထိုင်ဝမ်တို့သည် ပိုမိုရန်လိုလာနေသည့် တရုတ်ကို တန်ပြန်ရန်အတွက် ဆက်ဆံ‌ရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းနေကြတာပါ။ ပိုမို နက်ရှိုင်းသော တိုင်ပင်ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ထိုင်ဝမ်၏ အနာဂတ်သည် ဂျပန်၏ လုံခြုံရေးနှင့် စီးပွားရေးတို့အပေါ် “ကြီးလေး‌သည့် သက်ရောက်မှု” တစ်ခု…


ထိုင်ဝမ်က တရုတ်နားရွက်ကို တံတွေးစွတ်လိုက်ပြီလား သင်္ဘောသိမ်းပစ်လိုက်ပြီ

ထိုင်ဝမ် ထိန်းချုပ်သည့် ပန်ဂူးကျွန်းများ၏ မလှမ်းမကမ်း ရေထုအနီး ထိုင်ဝမ်၏ ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည့် တရုတ် ရေနံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး သင်္ဘောတစ်စင်းကို ထိုင်၀မ်ကမ်းခြေစောင့်တပ်ဖွဲ့ စီမံခန့်ခွဲရေးအဖွဲ့ (CGA) က သိမ်းယူခဲ့သည်။ CGA ၏ ပန်ဂူးကမ်းလွန်ရေယာဥ်စုကနေ ရေဒီယိုဆက်သွယ်ပြီး အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း တရုတ် ရေယာဥ်သည် ရပ်တန့်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အဆိုပါ ရေယာဥ်ပေါ် အလျင်အမြန် တက်သွားခဲ့ပြီး…


တဘောင်၊အတိတ်နမိတ်တွေ မှန်တော့မလား တရုတ်ကစတဲ့ပိုး တရုတ်ကြီးပြန်ကြောက်နေ

ကိုဗစ်-၁၉၏ Delta မျိုးကွဲဗိုင်းရပ်စ်တစ်နိုင်ငံလုံးတွင် တစ်ဟုန်ထိုးမြင့်တက်လာစဉ် တရုတ်အရာရှိများက ဒေသခံများအား ၎င်းတို့ နေအိမ်များတွင် သော့ခတ်ပိတ်ထားသည်ကို ဖော်ပြသည့် ဗီွဒီယိုအမြောက်အများ လူမှုကွန်ရက်များပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ဝူဟန်မြို့၌ ကပ်ရောဂါစတင်ချိန်တွင် တွေ့မြင်ခဲ့ရသည့် အစွန်းရောက် နည်းလမ်းတစ်ခုကို ထပ်မံ လုပ်ဆောင်ခြင်း ပင် ဖြစ်ကြောင်း ကိုနီအဲဗားရင်းတန်က Taiwan News တွင် ရေးသားခဲ့သည်။ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထား သော ဝန်ထမ်းများက အိမ်တံခါးများပေါ်တွင် သံတိုင်များ ကာရန်ထားခြင်းဖြင့်…


တရုတ်သံအမတ်က အမေရိကန်ကို ထိုင်ဝမ်ကိစ္စလက်ရှောင်ဖို့သတိပေး

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်အသစ် ချင်ကန်က ၎ ချင်ကန်သည် တရုတ်၏ ရပ်တည်ချက်များကို လူသိရှင်ကြား ခုခံကာကွယ်ပြောဆိုမှုများကြောင့် လူသိများသူဖြစ်ပြီး သံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရန် ဇူလိုင်လကုန်ပိုင်းက ၀ါရှင်တန်သို့ ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးများသည် ကောင်းမွန်သည့် အလားအလာကို စောင့်ဆိုင်းနေသည်ဟု ပြောကြားခဲ့သည်။ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ချင်က ၎င်းတို့နှစ်ဦးလုံးသည် နက်ရှိုင်းပြီး အလွန်ပွင့်လင်းသည့် သဘောထားများကို ဖလှယ်ခဲ့ကြသည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက သြဂုတ်လ ၁၃ ရက်တွင်…


အရပ်ဘက်ရေယာဉ်တွေနဲ့ ထိုင်ဝမ်ကိုကစ်ဖို့ တရုတ်ကြံ

အရပ်ဘက် သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ရေယာဉ်တွေကို စစ်ဘက်ဆိုင်ရာ ပြောင်းလဲအသုံးပြုဖို့အတွက် တရုတ်ကြည်းတပ်က ကြံစည်မှုတွေ ပြုလုပ်နေပါတယ်။ ကမ်းတက်တိုက်ပွဲတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ထိုင်ဝမ်ကို ပြန်လည် သိမ်းပိုက်ရင် ပိုမိုသင့်တော်မှုရှိတဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။ ထိုသတင်းအကြောင်းအရာကို U.S. Naval War College ရဲ့ China Maritime Studies Institute က နည်းပြဖြစ်သူ Conor Kennedy က ဇူလှိုင်လက ဆောင်ပါးထုတ်ဖော်ရေးသားခဲ့တာလည်းဖြစ်ပါတယ်။ ရေယာဉ်တွေဟာ COSCO…


ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်ကို အမေရိကန်ဖြဲ

အမေရိကန်ကာကွယ်ရေးဝန်ကြီးအော်စတင်းသည်သူ၏မိန့်ခွန်းတွင် CCP ၏အငြင်းပွားမှုများကိုငြိမ်းချမ်းစွာဖြေရှင်းရန်ဆန္ဒမရှိကြောင်းနှင့် ထိုင်ဝမ်အားအမေရိကန်၏အရေးပါသောမိတ်ဖက်အဖြစ်ဖော်ပြခဲ့သည်။ ထိုင်ဝမ်ပြည်သူများကိုခြိမ်းခြောက်ရန် တရုတ်စစ်တပ်၏လုပ်ဆောင်ချက်များနှင့်အခြားပုံစံများအပါအ၀င်တရားဥပဒေစိုးမိုးရေးကိုမထီမဲ့မြင်ပြုခဲ့ သည့်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းထိုင်ဝမ်နှင့်အမေရိကန် သည်တရုတ်၏“တစ်နိူင်ငံမူဝါဒ” အားလက်မခံကြောင်းနှင့် ထိုင်ဝမ်သည်၎င်း၏ကာကွယ်ရေးစွမ်းရည်ကိုအားဖြည့်ရာတွင်ကူညီရန်ထိုင်ဝမ်နှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြား ခဲ့သည်။ အမေရိကန်ကာကွယ်ရေးအရာရှိဟောင်းတစ်ဦး ကဇူလိုင်လ ၃၀ တွင်ထောက်ပြသည်မှာထိုင်ဝမ်သည်အမေရိကန်၏အရေးပါသောမိတ်ဖက်ဖြစ် ကြောင်းနှင့်ကုန်သွယ်ရေးနှင့်ဆက်ဆံရေးသည်အမေရိကန်အကျိုးစီးပွားဖြစ်သည်ဟုထောက်ပြထားသည်။