စစ်ကောင်စီ၏လေယာဉ်မှူးများ ပါကစ်မှာသင်တန်းတက်နေ
မြန်မာ့လေတပ်မှ တိုက်လေယာဉ်မှူး ၁၀ ဦးသည် ပါကစ္စတန်နိုင်ငံတွင် ခြောက်လတာ တိုက်လေယာဉ်မောင်း သင်တန်းတက်ရောက်နေကြောင်း ယုံစိတ်ချရသော စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်အပြောအရသိရသည်။ တောင်ငူအခြေစိုက် လေတပ် ဒုတိယဗိုလ်မှူးကြီး အောင်မင်းဦးကွပ်ကဲမှုအောက်ရှိ လေတပ်အရာရှိ ၁၀ ဦးသည် ပါကစ္စတန်နိုင်ငံတွင် JF 17 တိုက်လေယာဉ်များမောင်းနှင်ခြင်းသင်တန်းကို ဇွန် ၂၁ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်အထိသင်ယူနေခြင်းဖြစ်သည်။ တစ်စင်း ဒေါ်လာ ၁၆ သန်းတန်သည့် တရုတ်-ပါကစ္စတန်ပူးတွဲထုတ်လုပ်သော JF-17…