တရုတ်တိုက်လေယာဉ်မှူးတွေအတွက် အိန္ဒိယရဲ့ S-400 တွေကြိုနေတော့မည်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက အိန္ဒိယအနေဖြင့် ရုရှားထံမှ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံတန်ကြေးရှိသော အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါဝယ်ယူခဲ့မှုကို ယခုနှစ်အကုန်ပိုင်း၌ စတင်တင်ပို့ပေးတော့ မည်ဖြစ်သည်ဟု သိရှိရသည်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း ရုရှားစစ်ဘက်က ၎င်းစနစ်တွေကို အိန္ဒိယတွေ ကောင်းစွာအသုံးပြုတက်စေဖို့ လေ့ကျင့်ပေးလျက်ရှိသည်ဟုဆိုသည်။ လေ့ကျင့်မှုအတွက် ပထမအသုတ်အနေဖြင့် ပြီးစီးပြီဖြစ်သလို ဒုတိယအသုတ် အနေဖြင့်လည်း ဆက်လက်လေ့ကျင့်နေပြီဖြစ်သည်ဟုထုတ်ပြန်ထားသည်။ လေ့ကျင့်နေသည့် လူဦးရေ အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း…