တာလီဘန်

ပြ…….ဿ…..နာ…….က ခုမှစမှာ တာလီဘန်တို့ငို့ဖို့သာပြင်

အမေရိကန်နဲ့ နေတိုး တပ်တွေ သွားကြပြီ တာလီဘန်တွေ ဆက်လုပ် ရတော့မယ် အာဖဂန်ဟာ ကုန်းတွင်းပိတ် နိုင်ငံ နယ်စပ်ကားလမ်းတွေနဲ့ လေဆိပ်တွေပဲ ထွက်ပေါက်ရှိတယ် လေဆိပ်တွေအရေးပါတယ် ခက်တာက တာလီဘန်တွေမှာ လေဆိပ်တွေ ထိန်းသိမ်းဖို့ ပညာမရှိဘူး သူတို့မှာ လက်နက်ငယ် လက်နက်လတ်တွေပဲ ကျွမ်းတယ် လက်နက်ကြီးတောင် စနစ်တကျမကိုင်နိုင်ဘူး သူတို့ဟာ ရှာရီယာလော နဲ့ ဘယ်လိုကွပ်ညှပ်ရမလဲဆိုတာပဲ madrassas ​​ကျောင်းတွေမှာ သင်ဖူးတယ် သေရဲတယ် တိုက်ရဲတယ် ဒါပေမဲ့…


တာလီဘန်တွေက အာဖဂန်တွေကို ချုပ်ချယ်မှု မရှိစေရဘူးလို့ ကတိပေး

အနာဂတ်တွင် ခိုင်လုံသည့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အာဖဂန်များအချိန်မရွေး လွတ်လပ်စွာ ခရီးသွားလာနိုင်လိမ့်မည်ဟု တာလီဘန်အကြီးတန်းအရာရှိတစ်ဦးက ကန့်သတ်ချက်များကြောင့် လူအများကြောက်ရွံ့ခြင်းကို ငြိမ်းအေးစေရန်ရည်ရွယ်ပြီး ရုပ်မြင်သံကြားတွင် သောကြာနေ့ (ဩဂုတ်လ ၂၇ ရက်) ကပြောကြားခဲ့ကြောင်း straitstimes သတင်းတွင်ဖော်ပြထားသည်။ အာဖဂန်နစ္စတန် နယ်နိမိတ်များပွင့်လာပြီး အများပြည်သူအနေဖြင့် အချိန်မရွေး အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်ထွက်သွားလာနိုင်ကြလိမ့်မည်ဟု နိုင်ငံရေးကော်မရှင်ဒုတိယအကြီးအကဲ Sher Mohammad Abbas Stanikzai က ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ် အနောက်ကယ်ဆယ်ရေး စစ်ဆင်ရေးပြီးဆုံးမည့် ရက်မတိုင်မီ…


အမေရိကန်၊ တာလီဘန်၊ ရုရှား သုံးပွင့်ဆိုင်အခြေအနေ

ကဘူးလ်မြို့လေဆိပ်၌ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် အမေရိကန်ဦးဆောင်၍ တာဝန်ယူနေရသည့် လေဆိပ်လုံခြုံရေးကိစ္စအတိုင်းအတာ အကျယ်အဝန်းကို တိုးချဲ့မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်ဟု အမေရိကန်သမ္မတဘိုင်ဒင်က ထုတ်ပြန်ကြေညာလိုက်သည်ဟုသိရှိရသည်။ အမေရိကန်နှင့်မဟာမိတ်များအနေဖြင့် ကဘူးလ်မြို့ ဟာမစ်ကာဇိုင်းလေဆိပ်၌ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ရက်ထက် ပိုမိုကြန့်ကြာပြီး အချိန်ဆွဲနေမည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်များကို အာမခံမည်မဟုတ်ဟု တာလီဘန်များက သတိပေးလိုက်ကြောင်း သိရှိရသည်။ ရုရှားသမ္မတပူတင်က အာဖဂန်နစ္စတန်နှင့်ထိစပ်နေသည့် ၎င်းမဟာမိတ်နိုင်ငံများကို ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက် လက်နက်ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


တာလီဘန်တွေအပေါ် သူလျှိုလေယာဉ်ထဲ အကောင်းဆုံးဆိုတာသုံးပြီး အမေရိကန်ကြည့်နေ

အာဖဂန်နစ္စတန် ရုတ်တရက်ပြိုကွဲတော့ လူသားခြင်းစာနာထောက်ထားမှု အကြပ်အတည်း ကြီးကြီးမားမားကို ဖြစ်ခဲ့ပါတယ်။ စစ်ဒဏ်ခံနေရတဲ့နိုင်ငံကနေ ဘေးကင်းလုံခြုံတဲ့ဘေးလွတ်ရာကို ပြည်သူတွေကို ရွေ့ပြောင်းဖို့အတွက် အမေရိကန်က သူ့ရဲ့ F-18 တိုက်လေယာဉ်တွေကိုပျံသန်းနေသလို ၎င်းဒေသကိုစောင့်ကြည့်ဖို့ Python 52 လို့အမည်ဝှက်ခေါ်ဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်နေပါတယ်။ အဆိုပါစစ်ဆင်ရေးမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ RC-135 လို့ သူလျှိုလေယာည်တွေလည်းပါဝင်ပါတယ်။ အဆိုပါလေယာဉ်တွေကိုအမေရိကန်လေတပ်က ၁၉၆၄ ခုနှစ် ကျူဘားဒုံးကျည်အရေးအခင်းမှာ တပ်ဖြန့်အသုံးပြုခဲ့ပါသေးတယ်။ အဆိုပါလေယာဉ်ကို Boeing Defence and Integrated…


လေဆိပ်မှာပြောလို့မရတဲ့ အာဖဂန်တွေကို အမေရိကန် ရှော့ပစ်နေ

တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီးတဲ့အချိန် ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်ထဲကို ဝင်ရောက်လာတဲ့ အပြစ်မဲ့အရပ်သားတွေအပေါ်ကို အမေရိကန်တပ်တွေက ကူညီကာကွယ်ပေးနေပါတယ် အမေရိကန်စစ်သည်အချို့ဟာ လေယာဉ်ပျံပေါ်ကို အတွင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အာဖဂန်ပြည်သူ နှစ်ယောက်ကို ပစ်သတ်ခဲ့ရပါတယ် C-17 ပေါ်က ပြုတ်ကျတဲ့ အာဖဂန်ပြည်သူစုစုပေါင်း ၃ ဦးရှိပါတယ် နောက်ထပ် ၃ ယောက်ကတော့ ပြေးလမ်းပေါ်မှာ လေယာဉ်ပျံမတက်မှီ ပြုတ်ကျလို့ သွေးအလူးလူးနဲ့ ထိခိုက်သေဆုံးခဲ့ပါတယ် ပင်တဂွန်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ် ဘယ်လောက်ထိ လွှတ်မယ်ဆိုတာ…


တာလီဘန်တွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်ကစတာလဲ ဘယ်သူတွေပါလဲ ရည်မှန်းချက်ဘာလဲ

တာလီဘန်တွေဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်မှာ တင်းကြပ်တဲ့ အစ္စလာမ်မစ်ဥပဒေတွေနဲ့ ချမှတ်အုပ်ချုပ်ခဲ့သူတွေဖြစ်ပါတယ်။ #ဘယ်လိုဖွဲ့စည်းခဲ့သလဲ တာလီဘန်တွေဟာ ဆိုဗီယက်ပြည်ထောင်စုကနေဆုတ်ခွာပြီးနောက် ၁၉၉၀ ပြည့်နှစ်ခန့်ကအာဖဂန်ပြည်တွင်းစစ်တွင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေထဲကမှ တစ်ဖွဲ့ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အာဖဂန်နစ္စတန်တောင်ပိုင်း Kandahar မြို့တစ်ဝိုက်၌ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ကို Mullah Mohammad Omar ဆိုသူကတည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်မတိုင်မီအထိ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ #အမေရိကန်နဲ့ဘယ်လိုချိတ်ဆက်သလဲ တာလီဘန်တွေကို အာဖဂန်တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့တာများပါတယ်။ မူဂျာဟစ်ဒင်လို့လည်း ခေါ်ပါတယ်။…


တာလီဘန်တွေကို ပြန်ဆော်မယ်လို့ အမေရိကန်ကိုကတိပေး၊ခုတော့ အမေရိကန်ပါထွက်ပြေး

အာဖဂန်သမ္မတ Asharf Ghani က တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူပုန်တွေ မြို့တော်ကို ချဉ်းကပ်လာတဲ့အခါ အစိုးရ တပ်တွေက တွန်းလှန်နိုင်အောင် ပြင်ဆင်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ “လက်ရှိ အခြေအနေမှာ အာဖဂန် လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စုစည်းညီညွတ်မှုရှိအောင် ဦးစားပေး ဆောင်ရွက်နေပါတယ်။” လို့ အာဖဂန် သမ္မတက ကြိုတင်ရိုက်ကူးထားတဲ့ ၂ မိနစ်ခွဲကြာ ဗွီဒီယိုမိန့်ခွန်းကို အစိုးရ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်တွေမှာပါ စနေနေ့က…


အာဖဂန်တပ်တွေအပေါ် အားမရဖြစ်နေတဲ့ အမေရိကန်၊ ကိုယ်တိုင်ဗျင်းပြမယ်ဟုဆို

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်ကနေ တစ်ရက်ကို လူတွေ ထောင်နဲ့ချီပြီး လေကြောင်းကနေ ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု စီစဥ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အမေရိကန် စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် ကဘူးလ်မြို့ လေဆိပ်ကို စတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခု ၂ ရက်အတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်ကို ကဘူးလ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ရဲ့ အဓိက…


အာဖဂန်ပြည်သူတွေရဲ့ မျက်ရည်ကို ဘိုင်ဒင် လစ်လျူရှုလိုက်ပြီတဲ့လား

တာလီဘန်စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ မြန်မြန်ဆန်ဆန်ကြီး ရှေ့ကိုတိုးလာကာ နယ်မြေတွေ သိမ်းပိုက်နေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်ကနေ သူတို့တပ်တွေ ဆုတ်ခွာလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရပါဘူးလို့ ပြောလိုက် ပါတယ်။ အာဖဂန်ခေါင်းဆောင်တွေကို သူက ညီညွတ်ကြပါ၊ “နိုင်ငံအတွက် တိုက်ပွဲဝင်ကြပါ” လို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်မြေမှာ တိုက်ခိုက်တာခံခဲ့ရတဲ့ 9/11 အဖြစ်အပျက်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အတွင်းမှာပဲ အမေရိကန်တပ်တွေဦးဆောင်တဲ့ စစ်တပ်တွေ အာဖဂန်မှာ နေရာချကာ စစ်သွေးကြွတွေကို စစ်ဆင်ခဲ့ကြပါတယ်။…


တာလီဘန်တွေရူးနေပြီလား ပျံသန်းနေတဲ့ B-52 ကို ပစ်ချသော်လည်း ဗုံးစာမိသွား

အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ အကြမ်းဖက်တာလီဘန်တွေဟာ အာဖဂန်နယ်မြေထဲကို ပျံသန်းဝင်ရောက်လာနေတဲ့ US B-52 လေယာဉ်ကို ပစ်ချဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ ဒါဟာ တာလီဘန်တွေအနေနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကြိုးစားမှုက အောင်မြင်မှုမရရှိခဲ့ပါဘူး။ တာလီဘန်တွေက မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေခန့်မှန်းတာက တာလီဘန်တွေအများဆုံးအသုံးပြုတဲ့ man-portable surface-to-air missile (MANPAD)နဲ့ ပစ်ချခဲ့ကြတာပါ။ ဒါကတော့ ဉာဏ်နည်းတာပါ။ ဒီ ပခုံထမ်းဒုံးက ဗုံးကြဲဖို့ ပျံလာတဲ့ ဘီ-၅၂ ဆီကို…