တရုတ်

တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏…


တာလီဘန်တွေက အာဖဂန်တွေကို ချုပ်ချယ်မှု မရှိစေရဘူးလို့ ကတိပေး

အနာဂတ်တွင် ခိုင်လုံသည့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အာဖဂန်များအချိန်မရွေး လွတ်လပ်စွာ ခရီးသွားလာနိုင်လိမ့်မည်ဟု တာလီဘန်အကြီးတန်းအရာရှိတစ်ဦးက ကန့်သတ်ချက်များကြောင့် လူအများကြောက်ရွံ့ခြင်းကို ငြိမ်းအေးစေရန်ရည်ရွယ်ပြီး ရုပ်မြင်သံကြားတွင် သောကြာနေ့ (ဩဂုတ်လ ၂၇ ရက်) ကပြောကြားခဲ့ကြောင်း straitstimes သတင်းတွင်ဖော်ပြထားသည်။ အာဖဂန်နစ္စတန် နယ်နိမိတ်များပွင့်လာပြီး အများပြည်သူအနေဖြင့် အချိန်မရွေး အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်ထွက်သွားလာနိုင်ကြလိမ့်မည်ဟု နိုင်ငံရေးကော်မရှင်ဒုတိယအကြီးအကဲ Sher Mohammad Abbas Stanikzai က ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ် အနောက်ကယ်ဆယ်ရေး စစ်ဆင်ရေးပြီးဆုံးမည့် ရက်မတိုင်မီ…


NUG ကို နိုင်ငံတကာက ဘယ်လိုအသိမှတ်ပြုမလဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် နိုင်ငံတကာက သံတမန်ရေးအရအသိအမှတ်ပြုမှု ရှေ့ဆက်ပြီး ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။ စစ်အာဏာသိမ်းခံရတဲ့ အစိုးရတရပ်အပေါ် သံတမန်ရေးအရ ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြုမှု (Explicit Recognition)၊ ပြောင်ပြောင်တင်းတင်းနီးပါး အသိအမှတ်ပြုမှု (Almost Explicit Recognition)နဲ့ သွယ်ဝိုက်အသိအမှတ်ပြုမှု (Implicit Recognition) ဆိုတဲ့ ပုံစံသုံးမျိုးနဲ့ နိုင်ငံတကာအစိုးရတွေက ဆက်ဆံကြပါတယ်။ အဲဒီပုံစံတွေက ဘယ်လို ကွာခြားကြသလဲ။ ပြောင်ပြောင်တင်းတင်းအသိအမှတ်ပြုမှု (Explicit Recognition) နဲ့ဆက်ဆံရင် အဲဒီအစိုးရတွေ…


တရုတ်ကို လှော်ဖို့ ထိုင်ဝမ်နဲ့ဂျပန် ပေါင်းဖို့လုပ်ပြီ

ဂျပန်နှင့် ထိုင်ဝမ်တို့၏ အာဏာရပါတီများသည် ယင်းတို့၏ ပထမဆုံးသော နှစ်ဦးနှစ်ဘက်ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ဂျပန်နှင့် ထိုင်ဝမ်တို့သည် ပိုမိုရန်လိုလာနေသည့် တရုတ်ကို တန်ပြန်ရန်အတွက် ဆက်ဆံ‌ရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းနေကြတာပါ။ ပိုမို နက်ရှိုင်းသော တိုင်ပင်ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ထိုင်ဝမ်၏ အနာဂတ်သည် ဂျပန်၏ လုံခြုံရေးနှင့် စီးပွားရေးတို့အပေါ် “ကြီးလေး‌သည့် သက်ရောက်မှု” တစ်ခု…


တစ်နိုင်ငံလုံးတိုင်ပတ်နေပါတယ်ဆိုမှ တရုတ်က မြန်မာနဲ့ချိတ်ဆက်တဲ့ရထားလမ်းကို ထဖွင့်

“တရုတ်- မြန်မာလမ်းကြောင်းသစ်”လို့ အမည်တပ်ထားတဲ့ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်မယ့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်းကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဒီလမ်းပိုင်းက တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် တရုတ်ဘက်က သူတို့အစီအစဉ်အတိုင်း ဆက်လုပ်နေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ ချင်းရွှေဟော်ရဲ့ တဖက်ကမ်းမှာ ဒီရထားလမ်းသစ် ဖွင့်ပွဲကို ကျင်းပခဲ့တာပါ။…


ကိုရိုနာဗိုင်းရပ်စ်အစ – အမေရိကန်စစ်ဘက်ဓာတ်ခွဲခန်းကဟု တရုတ်စွပ်စွဲပြီ

COVID-19 ဇစ်မြစ်နှင့် ပတ်သက်ပြီး အမေရိကန် ထောက်လှမ်း‌ရေး အစီရင်ခံစာ ထုတ်ပြန်ရန် ရှိနေသည့် အကြိုကာလ၌ COVID-19 ဇစ်မြစ်သည် မေရီလန်းပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုထားသော လုပ်ကြံသတင်းဖြန့်သည့် လှုပ်ရှားမှုတစ်ရပ်ကို တရုတ်၌ အများပြည်သူများ သဘောတွေ့နှစ်သက်လျက် ရှိနေသည်။ COVID-19 သည် ဓာတ်ခွဲခန်း မတော်တဆမှုမှ ထွက်ပေါ်လာခြင်းလား သို့မဟုတ် ကူးစက်ခံ တိရစ္ဆာန်နှင့် ထိတွေ့ကာ လူများဆီ ကူးစက်ဖြစ်ပွားခြင်းလားဆိုခြင်းနှင့် ပတ်သက်ပြီး ရက် ၉၀…


တရုတ်တိုက်လေယာဉ်မှူးတွေအတွက် အိန္ဒိယရဲ့ S-400 တွေကြိုနေတော့မည်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက အိန္ဒိယအနေဖြင့် ရုရှားထံမှ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံတန်ကြေးရှိသော အက်စ်-၄၀၀ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါဝယ်ယူခဲ့မှုကို ယခုနှစ်အကုန်ပိုင်း၌ စတင်တင်ပို့ပေးတော့ မည်ဖြစ်သည်ဟု သိရှိရသည်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း ရုရှားစစ်ဘက်က ၎င်းစနစ်တွေကို အိန္ဒိယတွေ ကောင်းစွာအသုံးပြုတက်စေဖို့ လေ့ကျင့်ပေးလျက်ရှိသည်ဟုဆိုသည်။ လေ့ကျင့်မှုအတွက် ပထမအသုတ်အနေဖြင့် ပြီးစီးပြီဖြစ်သလို ဒုတိယအသုတ် အနေဖြင့်လည်း ဆက်လက်လေ့ကျင့်နေပြီဖြစ်သည်ဟုထုတ်ပြန်ထားသည်။ လေ့ကျင့်နေသည့် လူဦးရေ အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း…


အိန္ဒိယက ပြည်တွင်းထုတ်လက်နက်တွေထုတ်ရောင်း၊ ဈေးကွက်လုလာလို့ တရုတ်က ထပ်မကြည်တော့

ရုရှားနိုင်ငံ မော်စကိုဒေသတွင် ကျင်းပသည့် နို်ငငံတကာ စစ်ဘက်-နည်းပညာဖိုရမ် (International Military-Technical Forum “ARMY-2021”) တွင် အိန္ဒိယက ၎င်း၏ ပြည်တွင်းထုတ် LCA Tejas တိုက်လေယာဉ်နှင့် တင့်ကားဖျက် ပဲ့ထိန်းဒုံးကျည် Arjun Main Battle Tank (MK1A) တို့ကို ရောင်းချရန် ပြသနေပါတယ်။ ပြသခဲ့သည့် စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန် သတိပေးစနစ် (AEW&C)၊ အကွာအဝေး ၄၈ ကီလိုမီတာအထိ ရောက်ရှိနိုင်သည့်…


တရုတ်ဆိုတာနဲ့ တကမ္ဘာတစ်ခုလုံးရွံရှာသည်ဟု စစ်တမ်းတွေထွက်လာ

တရုတ်နိုင်ငံ၏ အဖျက်မူဝါဒများနှင့် အခြားနိုင်ငံများအပေါ် အနှောက်အယှက်ဖြစ်စေသည့် မမျှတသော သဘောထားကြောင့် ကမ္ဘာပေါ်မှ လူအများအပြားက တရုတ်နိုင်ငံကို မနှစ်သက်ကြကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဩဂုတ် ၂၂ ရက်က ဖော်ပြခဲ့ပါတယ်။ ကပ်ရောဂါ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ဆိုင်ရာ ပိုင်ဆိုင်ကြောင်း အခြေအမြစ်မရှိသည့် ကြေညာချက်များသည် ကမ္ဘာ့ပေါ်ရှိလူများက တရုတ်ကွန်မြူနစ်အစိုးရအပေါ် အမျက်ဒေါသ ပိုမိုဖြစ်စေသည်ဟုလည်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီအခြေစိုက် ဘက်မလိုက်သော အမေရိကန်အကြံပေး ပညာရှင်များအဖွဲ့၏ Pew…


အမေရိကန်ဒုသမ္မက စင်ကာပူရောက်နေတုန်း တရုတ်ကိုပါ တိုက်ခိုက်မှုပြုလုပ်

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်သည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပရမ်းပတာ ဆုတ်ခွာမှုနောက်ပိုင်းတွင် အမေရိကန်အပေါ် အများယုံကြည်လက်ခံနိုင်မှုကို မြှင့်တင်ရန်နှင့် တရုတ်အား ဆန့်ကျင်ရာတွင် အာရှမဟာမိတ်များကို စည်းရုံးနေချိန်၌ တရုတ်အစိုးရသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များတွင် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သြဂုတ်လ ၂၄ ရက်က စွပ်စွဲပြောကြားခဲ့သည်။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ရဲ့ နယ်နိမိတ် အများစုကို ပိုင်ဆိုင်ကြောင်း ကြေညာဖို့အတွက် အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု…