ဉပဒေ

တာလီဘန်တွေကျင့်သုံးတဲ့ ရှရီယာ ဥပဒေ ဆိုတာက ဘာပါလဲ၊

ရှရီယာလို့ခေါ်တဲ့ အစ္စလာမ်မစ်ဥပဒေနဲ့ အာဖဂန်နစ္စတန်ကို အုပ်ချုပ်မယ်လို့ တာလီဘန်တွေက ပြောပါတယ်။ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေ၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောရာမှာ “အစ္စလာမ်မစ် ဥပဒေဘောင်အတွင်းက” အခွင့်အရေးတွေကို အလေးထား အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဲဒါတွေက ဘယ်လို ဖြစ်လာမှာလဲဆိုတာကို အသေးစိတ် ပြောမသွားပါဘူး။ တာလီဘန်တွေဟာ ရှာရီယာဥပဒေကို အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ သူတို့ရဲ့ တင်းကျပ်တဲ့ပုံစံနဲ့ ဖွင့်ဆိုခဲ့ကြတယ်လို့ အများကသတ်မှတ်ခဲ့ကြတာပါ။ လူသတ်သမားတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို လူအများမြင်ကွင်းရှေ့မှာ သတ်ဖြတ်စီရင်တာတွေ…


ငါတို့ကျဆုံးပါစေ တရားကသာအနိုင်ရပါစေဆိုတဲ့ စီဒီအမ်ဝင်လာတဲ့ လေတပ်ကတပ်ကြပ်ကြီး

ကျနော်က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က လေ ၃၃၄၀၀ တပ်ကြပ်ကြီး ထက်နိုင်အောင်ပါ။ ခြေလျင်စစ်သားမဟုတ်ပေမယ့် တပ်မတော်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့် တပ်မတော်ကိုစွန့်ခွါခဲ့ပါတယ်။ “ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာ ကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြည်သူ့ဘက်ရပ်တည်ရင် စစ်ဥပဒေအရ ပြစ်မှုကြီးတာကြောင့် စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ မတရားတဲ့ဥပဒေတွေနဲ့စီရင်ခံရမှာကို ကြောက်တတ်တဲ့အတွေးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်သားတွေကို ပြည်သူက ထောက်ပံ့တယ်။ တစ်ခါတလေ သူတို့ရဲ့အသက် အန္တရာယ်ထက်CDM…


UN ကိုယ်စားလှယ် ဘယ်သူဖြစ်မလဲ..နစက ဘက်လား၊ NUG ဘက်ကလား

လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်..ညီလာခံဥက္ကဌ အဖြစ် အာရှ ပစိဖိတ်အုပ်စုက မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး Shahid ဖြစ်ပါတယ်.. ညီလာခံ လုပ်ထုံးလုပ်နည်း ( Rules of Procedure) အပိုဒ် ၂၇ အရ အဖွဲ့ဝင်နိုင်ငံတွေဟာ တက်ရောက်မယ့်ကိုယ်စားလှယ်တွေကို အတွင်းရေးမှူးးချုပ်ထံ အနည်းဆုံး ၁ ပတ်ကြိုတင်ပြီး အသိအမှတ်ပြုလွှာ ခေါ် ခန့်အပ်လွှာ…