စီးပွားရေး

စီးပွားရေးလုပ်ငန်းရှင်များထံမှ NUG က အခွန်ကောက်ခံရန် စီစဉ်နေပြီ

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ငွေကောက်ယူမှုများ စတင်နိုင်ရန် NUG ဘက်က ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ထုတ်ဖော်အသိပေးလိုက်သည်။ NUG ၏ ရှေ့လုပ်ငန်းစဉ်များတွင် ဘဏ္ဍာရေးငွေကြေးကိစ္စက မဖြစ်မနေပါဝင်လာရမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များထံမှ အခွန်ငွေကောက်ခံမည့်ပုံစံကို စတင်စဉ်းစားပြင်ဆင်လာခြင်းမျိုးဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က သြဂုတ်လ(၂၄)ရက်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ အသိပေးခဲ့ခြင်းလည်း ဖြစ်သည်။ “ မကြာခင်မှာ အခွန်ကောက်မယ့်ကိစ္စကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ ဒီကိစ္စက ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ လိုအပ်တဲ့ Infrastructure ပိုင်းရော၊ နည်းပညာပိုင်းရော အားလုံးပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ တော်လှန်ရေးကို…


ပို့ကုန်လုပ်ငန်းတွေ ထိခိုက်နေ ဘာ့ကြောင့်လဲ

သွင်းကုန်ထုတ်ကုန်လုပ်ငန်းလုပ်ဆောာင်ရာမှာ ကွန်တိန်နာကုန်သေတ္တာ လိုအပ်ချက်မြင့်မားနေတာကြောင့် သယ်ယူခစရိတ်ပိုကုန်ပြီး ပို့ကုန်တင်ပို့တဲ့လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာသင်္ဘောလိုင်းတွေရဲ့ ကုန်သေတ္တာတင်သင်္ဘောဝင်ရောက်တာ လျော့ကျခဲ့တာပါ။ သင်္ဘောတွေ အဝင်နည်းလာတာနဲ့အတူ ပြည်တွင်းဈေးကွက်မှာ ကုန်သေတ္တာလိုအပ်ချက် မြင့်တက်လာပြီး ပြည်ပကို ကုန်တွေ အချိန်မီတင်ပို့ဖို့ ခက်ခဲလာပါတယ်။ ကုန်တင်ပို့ဖို့ ကုန်သေတ္တာတွေကို ငှားရမ်းခပိုပေးနေရတာကြောင့် ကုန်ကျစရိတ်ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ “မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံကို ကုန်တင်ပို့ရင် ဆုံးရှုံးနိုင်ခြေများမယ်လို့ နိုင်ငံတကာလုပ်ငန်းတွေက မြင်လာကြတာကြောင့် မြန်မာနိုင်ငံကို…


ဘယ်သူမှ ဂ ရု မစိုက် ဘူးဟုဆိုကာ မြောက်ကိုရီးယားနျူကလီးယားဆက်ထုတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေကို အခု ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ ဆက်လက် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လျိူ့ဝှက်အစီရင်ခံစာမှာ သောကြာနေ့က တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတွင်း စီးပွါးရေးအခြေနေပိုဆိုးလာနေတဲ့ကြားကပဲ မြောက်ကိုရီးယားက နိုင်ငံတကာဒဏ်ခတ်အရေးယူမှုကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု ဆိုင်ရာ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကတော့…


NUG ရဲ့ကြိုးစားမှု အရာထင်လာခဲ့ပြီဟေ့

အမေရိကန်နိုင်ငံ ဒု-နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း (Wendy Sherman) သည် အမျိုးသားညီညွတ်ရေးအစိုးရ မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၄) ရက်တွင် ရုပ်သံမှတဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ယခုတွေ့ဆုံမှုသည် အမေရိကန်အကြီးတန်းအရာရှိတစ်ဦးနှင့် NUG အကြား တရားဝင် ထုတ်ပြန်ကြေငြာသည့် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်သည်။ မြန်မာ၏စီးပွားရေးသည် ပြိုလဲခဲ့ရပြီး ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးစနစ်ကိုထိခိုက်စေကာ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးဒုက္ခများမှာလည်း ပိုမိုဆိုးရွားလာခဲ့သည်။ “မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို…


ဆီးရီးယားကို ဂျင်းထည့်ဖို့ တရုတ်ကြီးကြံစည်နေပြီ

တရုတ်အစိုးရသည် မြန်ဆန်စွာ ပြိုလဲကျနေသည့် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးပိုင်းတွင် အခွင့်အလမ်းတစ်ချို့ ရှာဖွေရန် ကြိုးပမ်းလျက် ရှိသည်။ မကြာသေးခင်က ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်က ၎င်းသာလျင် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်သည့် တစ်ခုတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ၎င်း၏ ပထမဆုံးသော ပြည်ပဧည့်သည်ဖြစ်သည့် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စစ်ပွဲအလွန် ဆီးရီးယားတွင် တရုတ်၏ ထင်သာမြင်သာမှု အဖြစ်ဆုံး ရင်းနှီးမြှုပ်နှံမှုက အရှေ့အလယ်ပိုင်း၊ အာရှ နှင့်…