ငါတို့ကျဆုံးပါစေ တရားကသာအနိုင်ရပါစေဆိုတဲ့ စီဒီအမ်ဝင်လာတဲ့ လေတပ်ကတပ်ကြပ်ကြီး
ကျနော်က မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်က လေ ၃၃၄၀၀ တပ်ကြပ်ကြီး ထက်နိုင်အောင်ပါ။ ခြေလျင်စစ်သားမဟုတ်ပေမယ့် တပ်မတော်သားတစ်ယောက်အနေနဲ့ တာဝန်ရှိတာကြောင့် တပ်မတော်ကိုစွန့်ခွါခဲ့ပါတယ်။ “ကိုယ့်ညီအရွယ် ညီမအရွယ်တွေ အသက်တွေပေးပြီးအမှန်တရားအတွက် လမ်းပေါ်ထွက်နေချိန် ငါ CDM လုပ်လို့ ပင်ပန်းဆင်းရဲမှာ ကြောက်မနေသင့်ဘူးလို့တွေးပြီး ပြည်သူ့ဘက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြည်သူ့ဘက်ရပ်တည်ရင် စစ်ဥပဒေအရ ပြစ်မှုကြီးတာကြောင့် စိုးရိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ မတရားတဲ့ဥပဒေတွေနဲ့စီရင်ခံရမှာကို ကြောက်တတ်တဲ့အတွေးတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြည်သူ့စစ်သားတွေကို ပြည်သူက ထောက်ပံ့တယ်။ တစ်ခါတလေ သူတို့ရဲ့အသက် အန္တရာယ်ထက်CDM…