မြောက်ကိုရီးယားကို အမေရိကန် ပြန်ချော့
မြောက်ကိုရီးယားသံတမန်များနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် ဆောင်းကင်က သြဂုတ်လ ၂၃ ရက်တွင် တောင်ကိုရီးယား အရာရှိများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေပြီး မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးမျှော်လင့်ချက်များ လျော့ကျနေချိန်တွင် ဆောင်းကင်က တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် စစ်ရေးအရ ကျူးကျော်ဝင်ရောက်ရန် အစမ်းလေ့ကျင့်ပြင်ဆင်မှုများ…