CDM လုပ်တဲ့ ဗက ထက်အောင်လင်း က အလံတိုင်နဲ့ တပ်ချုပ်ပဲ ကျန်မယ်လို့ကို ပြောပြီ
အာဏာသိမ်းပြီးခြောက်လကျော်အတွင်းအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်လာသည့် တပ်မတော်သား၁၅ဝဝခန့်ရှိနေပြီ ဖြစ်ကြောင်းတပ်ကိုစွန့်ခွာလိုသူများကိုကူအညီပေးနေသည့်ဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။ တပ်ကိုစွန့်ခွာလာသည့်တပ်မတော်သား ၁၅ဝဝခန့်တွင်အများစုမှာတပ်သားအဆင့်နှင့်တပ် ကြပ်ကြီးအဆင့်ဖြစ်ပြီး ဒုဗိုလ်မှဗိုလ်မှူးအဆင့်ထိအရာရှိများလည်း ရာဂဏန်းမျှ ပါဝင်ကြောင်း င်းကဆိုသည်။ “သူတို့ (CDMစစ်သား)ကို သေချာစိစစ်နေတဲ့အပိုင်းကလည်း ရှိတဲ့အခါကျတော့အကုန်လုံးကတော့တိုက်ခိုက်ရေးဘက်ကိုမသွားနိုင်သေးဘူး။ ဒါပေမယ့်တတ်နိုင်တဲ့နေရာကနေပါဝင်ကြမယ်ဆိုတဲ့အချိန်မှာအများစုကတိုက်ခိုက်ရေးကိုအားသန်တဲ့သူတွေအများကြီးပဲရှိပါတယ်”ဟုဗိုလ်ကြီးလင်းထက်အောင်ကပြောသည်။ ဇွန်လဆန်းအထိCDM တွင်ပါဝင်သူတပ်မတော်သား ၈ဝဝခန့်သာရှိရာမှ နှစ်လအတွင်းထက်ဝက်ခန့်ထိုးတက်လာခြင်းဖြစ်သည်ဟုလည်း၎င်းကဆိုသည် အသက်၂၉ နှစ်အရွယ်ဗိုလ်ကြီးလင်းထက်အောင်သညစစ်တက္ကသိုလ် (DSA)အပတ်စဉ်၅၄ကျောင်းဆင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိခြေမြန်တပ်ရင်း၅၂၈တွင်တပ်ခွဲမှူးအဖြစ်ဝန်ထမ်းဆောင်နေစဉ်ဧပြီလဆန်းပိုင်း၌CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။ လက်ရှိတွင်၎င်းသည်စစ်ကောင်စီလက်အောက်မှရုန်းထွက်လိုသည့် စစ်သားများCDMဝင်နိုင်ရန်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ချိတ်ဆက်ပေးခြင်း၊တပ်တွင်းရှိတပ်မတော်သားအချို့ဖြင့်ချိတ်ဆက်၍တော်လှန်ရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခြင်းများဆောင်ရွက်ပေးလျက်ရှိသည်။ စစ်ကောင်စီဘက်တော်သားများက “ဖရဲသီး”ဟု ခိုင်းနှိုင်းခေါ်ဆို၍ရှာဖွေဖိနှိပ်ရန် ကြိုးပမ်းခံရသည့်…