စင်ကာပူ

အမေရိကန်ဒုသမ္မက စင်ကာပူရောက်နေတုန်း တရုတ်ကိုပါ တိုက်ခိုက်မှုပြုလုပ်

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်သည် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ပရမ်းပတာ ဆုတ်ခွာမှုနောက်ပိုင်းတွင် အမေရိကန်အပေါ် အများယုံကြည်လက်ခံနိုင်မှုကို မြှင့်တင်ရန်နှင့် တရုတ်အား ဆန့်ကျင်ရာတွင် အာရှမဟာမိတ်များကို စည်းရုံးနေချိန်၌ တရုတ်အစိုးရသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်များတွင် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု သြဂုတ်လ ၂၄ ရက်က စွပ်စွဲပြောကြားခဲ့သည်။ တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ရဲ့ နယ်နိမိတ် အများစုကို ပိုင်ဆိုင်ကြောင်း ကြေညာဖို့အတွက် အကျပ်ကိုင် ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု…


အမေရိကန်ဒုသမ္မတကတော့ စင်ကာပူရောက်

အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာ စင်ကာပူနိုင်ငံဆီကို သြဂုတ် ၂၂ ရက်က ရောက်လာပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံပြိုလဲအပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကတိတွေအပေါ် မဟာမိတ်တွေက မေးခွန်းထုတ်နေချိန်မှာ ဆက်ဆံရေး နက်ရှိုင်းအောင် လုပ်ဖို့ ရည်မှန်းထားတဲ့ ခရီးစဉ်နဲ့ ရောက်လာတာပါ။ ဟာရစ်ကို စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ဆေလေတာ လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ခရီးစဉ်အတွင်း ဒုသမ္မတဟာရစ်ဟာ စင်ကာပူ သမ္မတ ဟာလီမာ ယာကွတ်ဘ်၊ ဝန်ကြီးချုပ် လီရှင်လွန်းတို့နဲ့…


ကြောက်စရာအကောင်းဆုံး ကိုဗစ်ဒယ်လ်တာပိုး

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေထဲမှာ အမြန်ဆုံး၊ လိုက်လျောညီထွေ ရှင်သန်နိုင်ဆုံးနဲ့ လန့်စရာ အကောင်းဆုံး အမျိုးအစားပဲလို့ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက် စစ်ဆေးရေးဌာန အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ လောလောဆယ် ကမ္ဘာကြီးအတွက် အကြီးဆုံးဘေးက ရှင်းရှင်းလေးပဲ ဒယ်လ်တာ ဗီဇမျိုးကွဲပါလို့ အဏုဇီဝပညာရှင် ရှရွန်ပီးကော့က ပြောပါတယ်။ သူ့ရဲ့ အကြီးဆုံးစိုးရိမ်သောက ကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ တိုင်းပြည်တွေမှာ ဒယ်လ်တာ…