ဂါဇာ

နယ်စပ်မှာအစ္စရေးတပ်သားတွေထိခိုက်ဒဏ်ရာရလို့ လေတပ်က ချက်ခြင်းဗုံးသွားပြန်ကြဲ

အစ္စရေး- ပါလက်စတိုင်းနယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတိုက်လေ ယာဉ်တွေဟာ သြဂုတ် ၂၁ ရက်နေ့က ဂါဇာဒေသရှိ ဟားမက်စ် စစ်သွေးကြွအုပ်စုတွေရှိတဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်အတွင်း အစ္စရေးစစ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ပါလက်စတိုင်းလူမျိုး ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးကို ထောက်ခံသူ အုပ်စုတွေနဲ့ ဟားမက်စ်စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ ပူးပေါင်းပြုလုပ်တဲ့ ဆန္ဒပြပွဲစဉ်အတွင်း အစ္စရေးလုံခြုံ…