အာကာသထဲသွားဖို့ လိုတဲ့ပိုက်ဆံပမာဏ၊ သင်လည်းဖြစ်နိုင်တယ်
ပြီးခဲ့တဲ့လက ရစ်ချက်ဘော်ဆင်ဆိုတဲ့အမျိုးသားဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၃ မိုင်အကွာကို ပျံတက်ပြခဲ့ပါတယ်။ ကမ္ဘာနဲ့ အာကာသအစပ်ဖြစ်တဲ့ ကာမန်လိုင်းဆိုတဲ့နေရာကို ရောက်ဖို့ ၉မိုင်ပဲလိုတော့တဲ့နေရာပါ။ တနည်းဆိုရင် ကမ္ဘာကိုရော အာကာသကိုရော ခံစားလို့ရမယ့်နေရာဖြစ်ပါတယ်။ ရစ်ချက်ဘရန်ဆန်ဆိုတာက တခြားသူမဟုတ်ပါဘူး။ အီလွန်မတ်ခ်၊ ဂျက်ဘီဇော့တို့လို သူဌေးကြီးတွေနဲ့အပြိုင် အာကာသခရီးသွားလုပ်ငန်းကို စွန့်ဦးတီထွင်နေသူပါ။ ရစ်ချက်က ဗာဂျင်ဂလက်တစ်ဆိုတဲ့ အာကာသခရီးသွားယာဉ်လုပ်ငန်းကနေ အာကာသထဲပျံပြနိုင်ခဲ့ပါတယ်။ အီလွန်မတ်ခ်တို့နဲ့မတူတာက ဗာဂျင်ဂလက်တစ်ဟာ ခရီးသည်စီးလို့ရတဲ့ယာဉ်နဲ့အောင်မြင်စွာတက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှုကို သူကိုယ်တိုင်ပဲလုပ်ပြခဲ့ကာ အာကာသထဲမှာရှိတဲ့ သူတို့ရဲ့ အာကာသယာဉ်ထဲထိကို အောင်အောင်မြင်မြင်ဝင်ရောက်နိုင်ခဲ့ပါတယ်။…