မြန်မာဈေးကွက်ထဲကနေ ပြန်ထွက်မသွားဘူးလို့ ထိုင်းဘီလျံနာလုပ်ငန်းစု ကြေညာ
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပြသနာနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေ ရှိနေပေမယ့် အားကောင်းတဲ့ ဈေးကွက်ရှိနေဆဲဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ ထိုင်းဘီလျံနာလုပ်ငန်းစု Osotspa က အသိပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာမတိုင်မီကတည်းကတည်ရှိပြီး နှစ်ပေါင်း(၁၃၀)ကျော် ရှိနေပြီဖြစ်တဲ့ ထိုင်းအဖျော်ယမကာ လုပ်ငန်းစုဟာ မြန်မာနိုင်ငံထဲမှာ ဈေးကွက်ဝေစုကြီးကြီးမားမား ရထားပြီးတာကြောင့် မတည်မငြိမ်ဖြစ်နေ မှုတွေကို သီးခြားကဏ္ဍလိုသတ်မှတ်ပြီး ဆက်လက်လုပ်ကိုင်သွားဖို့ စဉ်းစားတာမျိုးဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။ “ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေ ရှိနေပေမယ့် ဈေးကွက်ကတော့ ခိုင်မာအား…