ကိုဗစ်

ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ‌ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။ သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို…


တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏…


ကိုဗစ်ကြောင့် အငတ်ဘေး၊ လူလှိုင်းကြီးတွေနဲ့ အတူ ကွာဟချက် ပိုများလာမည့် ကမ္ဘာကြီး

၂၀၁၉ နှစ်ကုန်ပိုင်းကနေ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ တစ်နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းမှာ ဇူလိုင်လ(၄)ရက်နေ့ အထိ စာရင်းအရ ဖြစ်ပွားသူပေါင်း ၁၈၄ သန်း ( ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်)၊ သေဆုံးသူ ၄ သန်းနီးပါး( ၃ ဒသမ ၉၇ သန်းကျော်) ရှိပြီဖြစ်ပါတယ်။ နေ့စဉ် အသစ်ဖြစ်ပွားသူ(၄)သိန်းကျော်ရှိနေကြောင်း သိရပါတယ်။ ရောဂါကိုကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပေါ်လာခဲ့သလို ရောဂါပိုးမျိုးစိတ်တွေကလည်း…


မိမိသည် တိုင်းပြည်တည်ဆောက်သူဟု မအလ ပြော

နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ရည်ညွှန်း ပြောဆို အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုလိုက်သည်။ ရုရှားနိုင်ငံထုတ် Politic Magazine နှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။မင်းအောင်လှိုင်က ၎င်းသည် စစ်သားတစ်ဦးဖြစ်ပြီး နိုင်ငံရေး အလုပ်ထက် နိုင်ငံတည်ဆောက်သူ အလုပ်ကို သာ စိတ်ဝင်စား…


ကိုရိုနာဗိုင်းရပ်စ်အစ – အမေရိကန်စစ်ဘက်ဓာတ်ခွဲခန်းကဟု တရုတ်စွပ်စွဲပြီ

COVID-19 ဇစ်မြစ်နှင့် ပတ်သက်ပြီး အမေရိကန် ထောက်လှမ်း‌ရေး အစီရင်ခံစာ ထုတ်ပြန်ရန် ရှိနေသည့် အကြိုကာလ၌ COVID-19 ဇစ်မြစ်သည် မေရီလန်းပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုထားသော လုပ်ကြံသတင်းဖြန့်သည့် လှုပ်ရှားမှုတစ်ရပ်ကို တရုတ်၌ အများပြည်သူများ သဘောတွေ့နှစ်သက်လျက် ရှိနေသည်။ COVID-19 သည် ဓာတ်ခွဲခန်း မတော်တဆမှုမှ ထွက်ပေါ်လာခြင်းလား သို့မဟုတ် ကူးစက်ခံ တိရစ္ဆာန်နှင့် ထိတွေ့ကာ လူများဆီ ကူးစက်ဖြစ်ပွားခြင်းလားဆိုခြင်းနှင့် ပတ်သက်ပြီး ရက် ၉၀…


စီးပွားရေးလုပ်ငန်းရှင်များထံမှ NUG က အခွန်ကောက်ခံရန် စီစဉ်နေပြီ

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ အခွန်ငွေကောက်ယူမှုများ စတင်နိုင်ရန် NUG ဘက်က ပြင်ဆင်နေပြီဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ထုတ်ဖော်အသိပေးလိုက်သည်။ NUG ၏ ရှေ့လုပ်ငန်းစဉ်များတွင် ဘဏ္ဍာရေးငွေကြေးကိစ္စက မဖြစ်မနေပါဝင်လာရမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များထံမှ အခွန်ငွေကောက်ခံမည့်ပုံစံကို စတင်စဉ်းစားပြင်ဆင်လာခြင်းမျိုးဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က သြဂုတ်လ(၂၄)ရက်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ အသိပေးခဲ့ခြင်းလည်း ဖြစ်သည်။ “ မကြာခင်မှာ အခွန်ကောက်မယ့်ကိစ္စကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ ဒီကိစ္စက ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ လိုအပ်တဲ့ Infrastructure ပိုင်းရော၊ နည်းပညာပိုင်းရော အားလုံးပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။ တော်လှန်ရေးကို…


နောက်ထပ် ၆ လ မွဲဖို့ရှိတယ်လို့ စကစဒုအကြီးအကဲဝန်ခံ

လက်ရှိအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေရပြီး စီးပွားရေးထိခိုက်မှုများ အနည်းနှင့်အများမှုရှိသည့်အပြင် နိုင်ငံတော်၏ အခွန်အကောက်ရငွေနှင့် အခြားသာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေအချို့ လျော့နည်းကျဆင်းလျက်ရှိရာ လာမည့် ၆ လတွင်လည်း ရငွေများဆက်လက် လျော့နည်းနိုင်ကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ ၎င်းက သြဂုတ်လ ၂၄ ရက်က ကျင်းပသည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ် မတ်လအထိ…


ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် NUG အစိုးရက လမ်းကြောင်း ၂ ခုဖြင့်စီစဉ်နေ

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားနေပြီး ကာကွယ်ဆေးရဖို့ လမ်းကြောင်းနှစ်ခုကနေ စီစဉ်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မတီ ဉက္ကဋ္ဌ ဖဒိုမန်းမန်းက ဩဂုတ် ၂၄ ရက်နေ့မှာပြုလုပ်တဲ့ NUG အစိုးရ ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအခြေစိုက်တဲ့ နယ်စပ်ကနေ ကိုဗစ် ကာကွယ်ဆေးတွေကိုရယူနိုင်ဖို့ ကြိုးစားနေသလို ရန်ကုန်လေဆိပ်ကိုရောက်လာမယ့် နိုင်ငံတကာကပံ့ပိုးတဲ့ကာကွယ်ဆေးတွေကိုတော့ ကုလသမဂ္ဂက ကြားဝင်လက်ခံယူပေး ဖို့လိုတယ်လို့ ဆိုပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဖဒိုမန်းမန်းက “ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ ကာကွယ်ဆေးစီးဆင်းမှု နှစ်ပိုင်းရှိပါတယ်။ တစ်လမ်းက…


တပ်ကို စွန့်ခွာလာတဲ့ စစ်သားကို ပင်စင်ရသည်အထိ တာဝန်ယူမည်ဟု NUG ကတိပြု

အကြမ်းဖက်စစ်ကောင်စီနှင့်လမ်းခွဲပြီး လူထုနှင့်ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့တွင် ကတိပြုပြောကြားလိုက်သည်။ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို လေးစားအသိအမှတ်ပြုပြီး ၎င်းတို့၏ လုပ်သက်၊ ရာထူး၊ ပင်စင်များကို ဆက်လက် တာဝန်ယူမည်ဟု NUG ကအာမခံလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ပြည်သူ့ရင်ခွင် ခိုလှုံလာသူများသည်အသစ်ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ အရေးကြီးသောအပိုင်းတွင် ဆက်လက်ပူးပေါင်းပါဝင်နိုင်ရန် အစီအစဉ်များလည်းချမှတ်ထားမည်ဟု ထုတ်ဖော်ပြောသည်။ ခိုလှုံလာသူများအတွက် အသက်လုံခြုံမှု၊…


NUG ရေဒီယိုလှိုင်းအတွက် ဘယ်ရေဒီယိုနဲ့ဘယ်လှိုင်းနှုန်းလဲဆိုတာ သိပြီးပြီလား

ပြည်သူလူထုနဲ့ အဆက်အသွယ်မပြတ်ရှိနေစေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ က Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Radio NUG အစီအစဉ်ကိုဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမှာဖြစ်တာကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁ရဒသမ ၇၁ မှာ ဖမ်းယူကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်တာကြောင့် သက်ဆိုင်ရာ…