ကာကွယ်ဆေး

ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် NUG အစိုးရက လမ်းကြောင်း ၂ ခုဖြင့်စီစဉ်နေ

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားနေပြီး ကာကွယ်ဆေးရဖို့ လမ်းကြောင်းနှစ်ခုကနေ စီစဉ်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မတီ ဉက္ကဋ္ဌ ဖဒိုမန်းမန်းက ဩဂုတ် ၂၄ ရက်နေ့မှာပြုလုပ်တဲ့ NUG အစိုးရ ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအခြေစိုက်တဲ့ နယ်စပ်ကနေ ကိုဗစ် ကာကွယ်ဆေးတွေကိုရယူနိုင်ဖို့ ကြိုးစားနေသလို ရန်ကုန်လေဆိပ်ကိုရောက်လာမယ့် နိုင်ငံတကာကပံ့ပိုးတဲ့ကာကွယ်ဆေးတွေကိုတော့ ကုလသမဂ္ဂက ကြားဝင်လက်ခံယူပေး ဖို့လိုတယ်လို့ ဆိုပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဖဒိုမန်းမန်းက “ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ ကာကွယ်ဆေးစီးဆင်းမှု နှစ်ပိုင်းရှိပါတယ်။ တစ်လမ်းက…