ကယ်ဆယ်ရေး

တရုတ်က ဒရုန်းစနစ်တွေ ရေဘေးအတွက်ထုတ်သုံးနေ

တရုတ်တို့ရဲ့ Wing Loong မောင်းသူမဲ့လေယာဉ်စနစ်တွေဟာ တိုက်ပွဲဝင်စွမ်း ရည်မြင့်မားတာကြောင့် ဝယ်ယူအသုံးပြုတဲ့ နိုင်ငံခြားတိုင်းပြည်တွေအကြားမှာ မျက်နှာပွင့်တဲ့ ဒရုန်းအမျိုးအစားလို့ ညွှန်းကြပါတယ်။ ထုတ်လုပ်သူတွေကတော့ ကင်းထောက်ခြင်းနဲ့တိကျစွာတိုက်ခိုက်ခြင်းအတွက် သာမက အရပ်ဘက်အတွက်ပါ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ယခုအခါမှာတော့ ဒါကို သက်သေပြဖို့ ဟီနန်ပြည်နယ်မှာ ရေကြီးမှုဖြစ်စဉ် ဖြစ်ပေါ်နေတဲ့အပေါ် အသက်ကယ်တာတွေ ဆောင်ရွက်ပေးနေပြီလည်း ဖြစ်ပါတယ်။ ရေကြီးမှုကြောင့်ပျက်တောက်ခဲ့ရတဲ့ ဆက်သွယ်မှုစနစ်တွေ၊ ကွင်းဆင်း စစ်ဆေးမှုအခြေအနေတွေကို ဆောင်ရွက်ပေးနေတာပါတဲ့။ အထူးသဖြင့် ကြားခံကွန်ရက်အဖြစ်နဲ့ရော အချိန်နဲ့တစ်ပြေးညီပုံတွေ၊ ဗီဒီယိုတွေရိုက်ယူပြီး ရေဘေးကယ်ဆယ်ရေးတွေကို…