ကမ္ဘာ

နိုင်ငံတကာလေကြောင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ရှေ့လကုန်အထိယာယီကန့်သတ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေ ကြောင်းခရီးစဉ်များဖြင့် ခရီးသည်များဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးသည် များစွာအရေးပါသည့် အ တွက် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို စက်တင်ဘာလကုန်အထိ ယာ ယီကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက် လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသည်တင်…


တရုတ်ဆိုတာနဲ့ တကမ္ဘာတစ်ခုလုံးရွံရှာသည်ဟု စစ်တမ်းတွေထွက်လာ

တရုတ်နိုင်ငံ၏ အဖျက်မူဝါဒများနှင့် အခြားနိုင်ငံများအပေါ် အနှောက်အယှက်ဖြစ်စေသည့် မမျှတသော သဘောထားကြောင့် ကမ္ဘာပေါ်မှ လူအများအပြားက တရုတ်နိုင်ငံကို မနှစ်သက်ကြကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဩဂုတ် ၂၂ ရက်က ဖော်ပြခဲ့ပါတယ်။ ကပ်ရောဂါ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ဆိုင်ရာ ပိုင်ဆိုင်ကြောင်း အခြေအမြစ်မရှိသည့် ကြေညာချက်များသည် ကမ္ဘာ့ပေါ်ရှိလူများက တရုတ်ကွန်မြူနစ်အစိုးရအပေါ် အမျက်ဒေါသ ပိုမိုဖြစ်စေသည်ဟုလည်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီအခြေစိုက် ဘက်မလိုက်သော အမေရိကန်အကြံပေး ပညာရှင်များအဖွဲ့၏ Pew…