ကဘူးလ်

အမေရိကန်ပျားတုတ်၊ တိုက်ခိုက်ခံရနိုင်တယ်လို့ သတိပေးပြီးမကြာ အသေခံဆော်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့လေဆိပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း အနောက်နိုင်ငံ အစိုးရတွေက ဒီကနေ့ ပြောကြားလိုက်ပြီး ပြည်ပကိုထွက်ခွာဖို့ လေဆိပ်မှာရောက်နေသူတွေကို ဘေးကင်းရာနေရာကို ရွေ့ပြောင်းသင့်ကြောင်း ပြောပါတယ်။ “ကာဘူးလ်လေဆိပ် ပြင်ပဒေသတွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် အမေရိကန်အစိုးရထံက တိကျတဲ့ညွန်ကြားချက် တစုံတရာမရမချင်း အခုချိန်မှာ လေဆိပ်ကိုမလာကြဖို့နဲ့ လေဆိပ်အဝင်ဂိတ်တွေမှာ ရောက်နေကြသူတွေလည်း အဲဒီနေရာကနေ ချက်ခြင်း ထွက်ခွာသွားကြဖို့” ကာဘူးလ်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဗြိတိသျှ ကာကွယ်ရေးဝန်ကြီး James Heappey…


တာလီဘန်တွေအပေါ် သူလျှိုလေယာဉ်ထဲ အကောင်းဆုံးဆိုတာသုံးပြီး အမေရိကန်ကြည့်နေ

အာဖဂန်နစ္စတန် ရုတ်တရက်ပြိုကွဲတော့ လူသားခြင်းစာနာထောက်ထားမှု အကြပ်အတည်း ကြီးကြီးမားမားကို ဖြစ်ခဲ့ပါတယ်။ စစ်ဒဏ်ခံနေရတဲ့နိုင်ငံကနေ ဘေးကင်းလုံခြုံတဲ့ဘေးလွတ်ရာကို ပြည်သူတွေကို ရွေ့ပြောင်းဖို့အတွက် အမေရိကန်က သူ့ရဲ့ F-18 တိုက်လေယာဉ်တွေကိုပျံသန်းနေသလို ၎င်းဒေသကိုစောင့်ကြည့်ဖို့ Python 52 လို့အမည်ဝှက်ခေါ်ဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်နေပါတယ်။ အဆိုပါစစ်ဆင်ရေးမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ RC-135 လို့ သူလျှိုလေယာည်တွေလည်းပါဝင်ပါတယ်။ အဆိုပါလေယာဉ်တွေကိုအမေရိကန်လေတပ်က ၁၉၆၄ ခုနှစ် ကျူဘားဒုံးကျည်အရေးအခင်းမှာ တပ်ဖြန့်အသုံးပြုခဲ့ပါသေးတယ်။ အဆိုပါလေယာဉ်ကို Boeing Defence and Integrated…


တာလီဘန်တွေကို ပြန်ဆော်မယ်လို့ အမေရိကန်ကိုကတိပေး၊ခုတော့ အမေရိကန်ပါထွက်ပြေး

အာဖဂန်သမ္မတ Asharf Ghani က တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူပုန်တွေ မြို့တော်ကို ချဉ်းကပ်လာတဲ့အခါ အစိုးရ တပ်တွေက တွန်းလှန်နိုင်အောင် ပြင်ဆင်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ “လက်ရှိ အခြေအနေမှာ အာဖဂန် လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စုစည်းညီညွတ်မှုရှိအောင် ဦးစားပေး ဆောင်ရွက်နေပါတယ်။” လို့ အာဖဂန် သမ္မတက ကြိုတင်ရိုက်ကူးထားတဲ့ ၂ မိနစ်ခွဲကြာ ဗွီဒီယိုမိန့်ခွန်းကို အစိုးရ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်တွေမှာပါ စနေနေ့က…


အာဖဂန်ပြည်သူတွေရဲ့ မျက်ရည်ကို ဘိုင်ဒင် လစ်လျူရှုလိုက်ပြီတဲ့လား

တာလီဘန်စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ မြန်မြန်ဆန်ဆန်ကြီး ရှေ့ကိုတိုးလာကာ နယ်မြေတွေ သိမ်းပိုက်နေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်ကနေ သူတို့တပ်တွေ ဆုတ်ခွာလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရပါဘူးလို့ ပြောလိုက် ပါတယ်။ အာဖဂန်ခေါင်းဆောင်တွေကို သူက ညီညွတ်ကြပါ၊ “နိုင်ငံအတွက် တိုက်ပွဲဝင်ကြပါ” လို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်မြေမှာ တိုက်ခိုက်တာခံခဲ့ရတဲ့ 9/11 အဖြစ်အပျက်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အတွင်းမှာပဲ အမေရိကန်တပ်တွေဦးဆောင်တဲ့ စစ်တပ်တွေ အာဖဂန်မှာ နေရာချကာ စစ်သွေးကြွတွေကို စစ်ဆင်ခဲ့ကြပါတယ်။…