News

မြန်မာပြည်သူတွေအတွက် သမ္မတဘိုင်ဒင် အသံထွက်လာပြီ

မြန်မာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးပြဿနာတွေမှာ နှုတ်ဆိတ်မနေဖို့ သမ္မတဘိုင်ဒင်တိုက်တွန်း မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စတွေမှာ နှုတ်ဆိတ်နေတာဟာ တာဝန်မကင်းဘူးလို့ အမေရိကန်သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံတွေ အဖြစ်နဲ့လည်း မြန်မာနိုင်ငံကို ထည့်သွင်းပြောဆိုခဲ့တာပါ။ “ရှန်ဂျန်ဒေသမှာ ဝီဂါတွေကို အဓမ္မခိုင်းစေတာ၊ ဖိနှိပ်တာ၊ မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံတာ၊ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းမှာ လူတွေ အထိတ်တလန့်ဖြစ်အောင်…

Read More

စစ်ကောင်စီခေါင်းဆောင်ကိုလည်း တက်ခွင့်မပြု၊ အာဆီယံသံလည်း မလာဖြစ်တော့ပါ

ဒီလကုန်ပိုင်းပြုလုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဖို့ ဒီကနေ့ ညနေပိုင်းက အွန်လိုင်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအထူးအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ အဲဒီအစား မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးပိုင်းက မဟုတ်သူ တစ်ယောက်ကို ဖိတ်ကြားဖို့ ဖြစ်နိုင်တယ်လို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြတယ်လို့ အဲဒီအစည်းအဝေးဆုံးဖြတ်ကို သိရှိထားကြတဲ့သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဆီယံအထူးသံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ၂…


သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်သတိပေး

သံတမန်နည်းနဲ့မရရင် အင်အားသုံးဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်က အီရန်ကိုသတိပေး ၁၄ အောက်တိုဘာ ၂၀၂၁ အီရန်ရဲ့ နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ သံတမန်နည်းလမ်းအရ ဖြေရှင်းလို့မရရင် အင်အားသုံးဖြေရှင်းကောင်းဖြေရှင်းရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အောက်တိုဘာ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ အီရန်နျုကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာနဲ့သဘောတူထားတဲ့အတိုင်း ဆွေးနွေးလိုက်နာဖို့ သံတမန်နည်းလမ်းပေါင်းစုံနဲ့ ချည်းကပ်ပြောဆိုခဲ့ပြီးပြီလို့ Antony Blinken က ပြောပါတယ်။ သံတမန်နည်းလမ်းဟာ ကောင်းမွန်ထိရောက်တဲ့နည်းလမ်းဖြစ်ပေမယ့် (၉) လဆိုတဲ့အချိန်အတွင်းမှာ…


မြန်မာ့ရေပိုင်နက်အနီး အမေရိကန်အုပ်စု စစ်ရေးလေ့ကျင့်နေပြီ

မြန်မာ့ရေပိုင်နက်အနီး the Quad စစ်ရေးလေ့ကျင့်မှု စတင် ၁၃ အောက်တိုဘာ ၂၀၂၁ Malabar 21 လို့အမည်ပေးထားတဲ့ အမေရိကန် ဂျပန် ဩစတေးလျှနဲ့ အိန္ဒိယ the Quad (၄) နိုင်ငံအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ဘင်ဂလားပင်လယ်အော်မှာ ဒီကနေ့ စတင်ပြုလုပ်နေပါတယ်။ ပထမအဆင့်လေ့ကျင့်မှုကို ဩဂုတ်လ အတွင်းက ဖိလစိပိုင်ပင်လယ်မှာ ပြုလုပ်ခဲ့အပြီး အခု ဒုတိယအဆင့်စစ်ရေးလေ့ကျင့်မှုကို ဘင်ဂလားပင်လယ်အော်မှာ ပြုလုပ်တာပါ။ အခု စစ်ရေးလေ့ကျင့်မှုကို…


ပူတင်ကို အာခံသူနဲ့ ဒူတာတေးဆန့်ကျင်သူ ၂ ဦး ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲရရှိ

ယခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဂျာနယ်လစ်များ ဖြစ်ကြသည့် ဖိလစ်ပိုင်မှ မာရီယာ ရက်ဆာနှင့် ရုရှားမှ ဒီမစ်ထရီ မူရက်တော့ဗ်တို့က ရရှိသွားခဲ့သည်။ အဆိုပါ ဂျာနယ်လစ်နှစ်ဦးသည် ၎င်းတို့၏ နိုင်ငံများတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းတိုက်ပွဲဝင်ခဲ့မှုအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်တွင် နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ကြေညာခဲ့သည်။ ဂျာနယ်လစ်နှစ်ဦးသည် ဒီမိုကရေစီနှင့် ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည့် လွတ်လပ်စွာ…


မြန်မာပြည်သူများအတွက် ဥရောပမှ ဒုတိယမြောက် သတင်းကောင်း

နိုင်ငံပေါင်း ၂၇ ခု စုဖွဲ့ထားသည့် ဥရောပသမဂ္ဂပါလီမန်က NUG အစိုးရနှင့် CRPH လွှတ်တော် ကို မြန်မာပြည်သူ၏ တရားဝင်ကိုယ်စားပြုအဖြစ် လက်ခံဟု ဆုံးဖြတ်ချက်ချ မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အပြင်းအထန်ရှုတ်ချပြီး အရပ်သားအစိုးရကို အာဏာပြန်အပ်ရန် ဖိအားပေး ရန်ကုန်၊ အောက်တိုဘာ ၈ နိုင်ငံပေါင်း ၂၇ ခု ပါဝင်သော ဥရောပသမဂ္ဂပါလီမန်က မြန်မာနိုင်ငံတွင် အ ကြမ်း ဖက် စစ်တပ် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို…


မလေးရှား အစိုးရ ထုတ်ပြောလာတဲ့ NUG အတွက် သတင်းကောင်း

မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်ကနေ ပူးပေါင်းဆောင်ရွက်မှုမရဘူးဆိုရင် မလေးရှားအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုပြုလုပ်နိုင်ရေး စဉ်းစားဖို့ အသင့်လို့ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ အောက်တိုဘာလ ၆ ရက်မှာ ထုတ်ပြောလာပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အောက်လွှတ်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်တွင်း မေးခွန်းဖြေကြားချိန် အခုလိုပြောလိုက်တာဆိုပြီး မလေးရှားအစိုးရလက်အောက်ကဘာမနာသတင်းဌာနက သတင်းဖော်ပြပါတယ်။ ”အရင်ကလည်း မလေးရှားဟာ မြန်မာ အာဆီယံအဖွဲ့ဝင်မဖြစ်လာခင်ကတည်းက အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေကို…


အိုင်စီစီ အတွက် နောက်ထပ် တရားခံတစ်ဦး ပေါ်လာပြီ

အာဏာသိမ်း ကောင်စီ မှ ဒုပြည်ထဲရေး ဝန်ကြီး နှင့် ရဲချုပ် အဖြစ် ခန့်အပ်ထားသူ သန်းလှိူင်ဆိုသူအား PDF များ ထိန်းချုပ်ထားသည့် စစ်ကိုင်း တိုင်း နှင့် မကွေးတိုင်း ‌ဒေသကြီးများကို ပြန်လည် ထိန်းချုပ် နိုင်ရန် တာဝန်ပေးလိုက်ပြီဟု သိရသည်။ ၎င်းနှင့်အတူ အိုင်စီစီ အမှုတွဲတွင် ပါဝင်လာဖို့ ရှိသူက တေဇကျော် ဆိုသူပင် ဖြစ်သည်။ လက်ရှိ စစ်တိုင်းမှုး ဖြိုးသန့် ဆိုသူအား…


နိုင်ငံတကာ သတင်းဌာနတွေပြောတဲ့ အမေစုသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားစွပ်စွဲမှု့တွေကို ရင်ဆိုင်ဖို့ နေပြည်တော်တရားရုံးကို ရောက်လာတယ်လို့ The Guardian သတင်းဌာနရဲ့ အရှေ့တောင်အာရှသတင်းထောက် Rebecca Ratcliffe က ဆောင်းပါးရှည်ကြီးတစ်ပုဒ်နဲ့ အသိပေး ဝေဖန်ထားပါတယ် ။ အမေစုဟာ နေပြည်တော်ကောင်စီဝင်းအတွင်းက အလုံပိတ်တရားရုံးကို အောက်တိုဘာ ၁ ရက်နေ့မှာ ရောက်ခဲ့တာပါ ။ကမ္ဘာ့သတင်းဌာနတွေမှာ တရားဝင်ဖော်ပြထားတဲ့ အမေစုကို စွဲဆိုထားတဲ့ အမှု့တွေထဲမှာ …၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေနဲ့ ရွှေချောင်းထုပ်များ…


ကုလအတွင်းရေးမှူးချုပ်အစီရင်ခံစာ နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

စစ်တပ် အာဏာချုပ်ကိုင်မှု နိုင်ငံတကာ တုံ့ပြန်တန်ပြန်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ လွတ်မြောက်ရေး ကြိုးစားကြရန် ကုလအတွင်းရေးမှူးချုပ်အစီရင်ခံစာ နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။ အစီရင်ခံစာတွင် “ ရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူ့အခွင့် အရေးအခြေ အနေ” များကို ကုလသမဂ္ဂအကြီးအကဲက ဖော်ပြထားပြီး စစ်တပ်၏အာဏာချုပ်ကိုင်မှုသည်တန်ပြန်ရန်ပိုခက်ခဲလာလိမ့်မည်ကို သူစိုးရိမ်ကြောင်းပြောကြားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို…