Local News

ပြည်သူ့အောင်ပွဲနဲ့ စစ်တပ်ပျက်သုန်းချိန်

မေးပါအူံးမယ် ‼️ 💢 လက်နက်ကိုင် အဖွဲ့တွေကလည်း ငြင်းပယ် မဆွေးနွေး လက်မခံကြဘူး 💢 အာဆန်ကလည်း ကန်ထုတ်တော့မယ် NUG ဘက် ပါလာပြီ 💢 နိုင်ငံတကာကလည်း NUG ကို တရား၀င် အစိူးရအဖြစ် အသိမှတ်ပြုနေကြပြီ ကမ္ဘာကို ကြေငြာဖို့ပဲ ရှိတော့တယ် 💢 စစ်ရေးနိုင်ငံရေး လုံး၀ကို ပြိုလဲ ကျရှုံးနေပြီ ဒီအခြေနေမှာ မအလတသိုက် ခေါင်းမာပြီး မပြေးပဲ ဆက်ရပ်တည်နေခြင်းဟာ ဘာကြောင့်လို့…


“စိတ်ကြိုက် လက်ဝါးကြီးအုပ် ချယ်လှယ်ခွင့်ရထားတဲ့ ခရိုနီကြီးများလက်ထဲက မြန်မာ့ လောင်စာဆီ အရှုပ်တော်ပုံ”

“စိတ်ကြိုက် လက်ဝါးကြီးအုပ် ချယ်လှယ်ခွင့်ရထားတဲ့ ခရိုနီကြီးများလက်ထဲက မြန်မာ့ လောင်စာဆီ အရှုပ်တော်ပုံ”မြန်မာပြည်နဲ့ လောင်စာဆီ မြန်မာပြည်မှာ သန်လျှင်နဲ့ ချောက် ရေနံချက်စက်ရုံတွေ ရေနံစိမ်းကနေ ဓာတ်ဆီ ၊ ရေနံဆီ ၊ ဒီဇယ်ဆီ ၊ မီးထိုးဆီ အစရှိတဲ့ အဆင့်နိမ့်လောင်စာဆီတွေ ထုတ်ခဲ့တယ် ။၁၉၇၈ မှာ မန်းသံပုရာကန် စက်ရုံတည်တယ် ။ အဆင့်မြင့်ဓာတ်ဆီ 98 Ron နဲ့ 100 Ron အထိ…


ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များထဲသို့ မဖြစ်မနေဝင်ရောက်တာဝန်ထမ်းဆောင်နေရကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ တပ်မြို့အဖြစ်တည်ဆောက်ထားသည့် ဗထူးတပ်မြို့တွင် စစ်တပ်မိသားစုဝင်များသာ အများဆုံးနေထိုင်လျက်ရှိပြီး စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တစ်နှစ်ကျော်အကြာတွင် ၁၈နှစ်ပြည့်ပြီး တပ်မိသားစုဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တပ်ထဲသို့ ဝင်ရောက်တာဝန်ထမ်း‌ဆောင်ခိုင်းထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မိန်းကလေးတွေကတော့ မဝင်ချင်ကြဘူး၊ မိသားစုဝင်တွေကလည်း ပေးမဝင်ချင်ကြပေမယ့် မဝင်မနေရဆိုတော့ ဝင်နေရတာပေါ့။ တပ်ထဲမှာပဲ နေကြတာဆိုတော့ တပ်နဲ့ယဉ်ပါးနေပေမယ့် ယောင်္ကျားလေးတွေက…


သရုပ်​ဆောင်လွင်မိုးရဲ့ အစ်ကို ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒါရိုက်တာမောင်သီဟာ မနေ့ မေလ ၆ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါရိုက်တာမောင်သီ အသုံးပြုနေတဲ့ UThi Facebook အကောင့်မှတဆင့် လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စမ်းချောင်းမြို့နယ်နေ ဦးသန်းလွင်(ခ)ဒါရိုက်တာမောင်သီကို မနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ကနေရာတစ်ခုမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ လက်တလော ဒါရိုက်တာမောင်သီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့…


အာဏာသိမ်း စစ်ခေါင်းဆောင်အား သူရဲဘောကြောင်သူဟု “ တဲ့ “ ပြောပြီ

အသက် ၇၆ နှစ် ရှိပြီ ဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပ သံတမန် များ နှင့် တွေ့ဆုံခွင့် မပြုရဲဘဲ ဖြစ်နေသည်ကို ဆောင်းပါးရှင် နိုင်သစ်က ဧရာဝတီ သတင်း (အင်္ဂလိပ်ပိုင်း) တွင် ယခုလို ကောက်ချချလိုက်ခြင်း ဖြစ်သည်။ သူ၏ ဆောင်းပါးကို ကောက်နှုတ် တင်ပြရမည်ဆိုလျှင်… ပြီးခဲ့သည့် တနင်္လာနေ့တွင် အာဆီယံ ဥက္ကဌ ဖြစ်သူ ကမ္ဘောဒီယား…


စက်သုံးဆီကို အရင်လို တန်းစီတိုးဝှေ့ မဝယ်ယူရတော့ပေမယ့် စျေးကြီးပေးဝယ်ယူနေရဆဲ

စစ်ကောင်စီအနေနဲ့ ပြည်တွင်းစက်သုံးဆီစျေးကွက်မှာ ဆီအလုံလောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပြီး အခုမေလအတွင်း စက်သုံးဆီကို အရင်လိုတိုးဝှေ့တန်းစီဝယ်ယူရတာမျိုးမရှိတော့ပေမယ့် စျေးကြီးပေးကာဝယ်ယူနေရဆဲဖြစ်ပြီး စျေးနှုန်းကျရိပ်ကတော့လုံးဝမရှိသေးဘူးလို့ စက်သုံးဆီဝယ်ယူသူတွေက ပြောပါတယ်။ သင်္ကြန်ကာလအပြီးမှာ ပြည်တွင်း စက်သုံးဆီဟာ ရောင်းလိုအားလျော့လာခဲ့ပြီး ၀ယ်လိုအားမြင့်တက်ခဲ့သလို ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုတွေကြုံတွေ့နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဆီဆိုင်တွေမှာတိုးကြိတ်တန်းစီဝယ်ယူရတာ၊ အကန့်အသတ်ပမာဏနဲ့ဝယ်ယူရတာမျိုး ကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်း စက်သုံးဆီစျေးနှုန်းတွေဟာ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ကနေ ၂၅၀၀ ကျော်အထိ စျေးရှိခဲ့ကာ လမ်းဘေးစက်သုံးဆီဆိုင်တွေမှာဆိုရင် တစ်လီတာတစ်ဘူးကို ငွေကျပ်…


မန္တလေးက ပြစ်မှုမကျူးလွန်တဲ့ အလင်းဝင် PDF တွေကိုမိဘများထံပြန်အပ်သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်

မန္တလေးမြို့၊ နန်းတွင်း အမှတ် ၁၂၁ ထောက်ပံ့နှင့်ပို့ ဆောင်ရေးတပ်ရင်းမှ ဦးဆောင်၍ ပြစ်မှုကျူးလွန်မှုမရှိသည့် PDF များအား မိဘရပ်ထံပြန်လည်အပ်နှင်းသည်ဟုဆိုကာ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လူတချို့ဖြင့်ပြုလုပ်ခဲ့ကြောင်း စစ်တပ်ထောက်ခံသည့်လူမှုကွန်ယက်များတွင် ကျယ်ပြန့်စွာဖော်ပြ၍ ဝါဒဖြန့်နေ သည်ကိုတွေ့ရှိရသည်။ စစ်ကောင်စီတပ်၏ နန်းတွင်း ထပရ ၁၂၁ တပ်သည် စစ် ကြောရေးဖွင့်လှစ်ထားသည့်တပ်ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် မန္တလေးမြို့ကတော်လှန်ရေးလူငယ်များကို နှိပ်စက်သတ် ဖြတ်နေသည့်တပ်ရင်းတခုဖြစ်ကြောင်း မန္တလေးမြို့ခံများထံကသိရသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ဝါဒဖြန့် ပုံများတွင်ပါဝင်သည့် PDF ဟု…


မင်းအောင်လှိုင် မိတ်ဆက်ခဲ့သော MRTV Application သာမ MRTV Website အသစ်ပါ အွန်လိုင်းပေါ်မှ ထပ်မံ ဖယ်ရှား ပိတ်ပင်ခံရ

မင်းအောင်လှိုင် မိတ်ဆက်ခဲ့သော MRTV Application သာမ MRTV Website အသစ်ပါ အွန်လိုင်းပေါ်မှ ထပ်မံ ဖယ်ရှား ပိတ်ပင်ခံရ ရန်ကုန်၊ မေ ၆ မြန်မာစစ်တပ်၏ ဝါဒဖြန့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ Website အသစ်သည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်တွင် တခမ်းတနား ဖွင့်လှစ်ပေးခဲ့အပြီး ၂ ရက်အကြာတွင် အွန်လိုင်းပေါ်မှ ဖြုတ်ချခံလိုက်ရကြောင်း သိရှိရသည်။ ယမန်နေ့က…


ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

မြန်မာစစ်အုပ်စုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အကြား တင်းမာမှုများသည် လွန်ခဲ့သော ၆ နှစ်ကပင် အရှိန်အဟုန် ရနေပြီဖြစ်သည်။ ထိုသို့သော တင်းမာမှုများကို ဖြစ်စေသည့် သဘောထား ကွဲလွဲမှုများတွင် NLD က ခန့်အပ်သည့် ဒုတိယ သမ္မတလောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကို စစ်အုပ်စုကခန့်သည့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခြင်း ပါဝင်သည်။ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေသည် ထိုစဉ်က ရွေးကောက်ခံ အစိုးရသစ်ကို စီမံရန် NLD ခေါင်းဆောင်…


ကျွန်တော်တို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီဆိုရင် ဟိုလူကတစ်မျိုး၊ ဒီလူကတစ်မျိုးဖြစ်နေတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌပြော

ကျွန်တော်တို့ ငြိမ်းချမ်းရေးတစ်ခုဖိတ်ခေါ်လိုက်ပြီဆိုရင် ဟိုလူကတစ်မျိုး၊ ဒီလူကတစ်မျိုးဖြစ်နေကာ ခေါင်းဆောင်ကတစ်မျိုး၊ အဖွဲ့ဝင်ကတစ်မျိုးဖြစ်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နဲ့စပ်လျဉ်းပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ငြိမ်းချမ်းရေးတစ်ခုဖိတ်ခေါ်လိုက်ပြီဆိုရင် သူတို့ တိုင်ပင်ပါရစေဦး၊ ဟိုလူကတစ်မျိုး၊ ဒီလူကတစ်မျိုးနဲပေါ့။ အဖွဲ့အစည်းအတွင်းမှာလည်း အမျိုးမျိုးပေါ့။ ခေါင်းဆောင်ကတစ်မျိုး၊ အဖွဲ့ဝင်ကတစ်မျိုး၊ ဒီလိုဖြစ်နေကြတယ်”လို့ ၎င်းက ပြောပါတယ်။ ယခုလအတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်မှာ ကချင်လွတ်မြောက်ရေးတပ်(KIO/KIA)က ပါဝင်သင့်သူတွေပါဝင်မှ ဆွေးနွေးမယ်လို့ ထုတ်ပြန်ခဲ့သလို…