Health

ဆောင်းရာသီမှာ လက်ဖက်ခြောက်ရေနွေးသောက်ပါ

ဆောင်းရာသီမှာ လက်ဖက်ခြောက်ရေနွေးသောက်ပါ ဆောင်းရာသီရောက်တဲ့အခါ သဘာ၀အလျောက် ခန္ဓာကိုယ်တွင်းထဲမှာ အပူခဲနေပြီး၊ ခန္ဓာကိုယ်ပြင်ပ၏ အသားအရေမှာ အေးစက်နေတတ်ကြပါတယ်။ အပူအအေးမျှတစွာ နေထိုင်ဖို့အတွက် လ္ဘက်ခြောက် ရေနွေးကြမ်း သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းက ကိုယ်ခံအားကောင်းမွန်စေပြီး နှလုံးကျန်းမာရေးသာမက အစာမကျေခြင်းနှင့် အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ဆောင်းဥတုတွင် အသားအရေခြောက်သွေ့တတ်တာ ကြောင့်လည်း ခန္ဓာကိုယ်တွင်း ရေဓာတ် မခမ်းခြောက်စေဖို့အတွက် တစ်နေ့လျှင် သောက်ရေ ၈ ဖန်ခွက်ထက်မနည်း သောက်ပေးသင့်ပါတယ်။ မှတ်ချက်။ (ရေခဲရေ လုံး၀ မသောက်ပါနှင့်)…

Read More

ကာဘော်လစ် ဆပ်ပြာ အသုံးပြုနေသူတိုင်း သိထားသင့်တဲ့ သတိပြုဖွယ် အချက်…

ကာဘော်လစ် ဆပ်ပြာ အသုံးပြုနေသူတိုင်း သိထားသင့်တဲ့ သူများအတွ သတိပြုဖွယ် အချက် အပီအပြင် ငြင်းနေကြလို့ ချက်ကျ လက်ကျပဲပြောပါမယ်ကာဘော်လစ် ဆပ်ပြာကို မျက်နှာလုံးဝမတိုက်ပါနဲ့ ကိုယ့်မျက်နှာအသားရည် ကိုယ်တန်ဖိုး ထားရင်ပေါ့ တိုက်နေတဲ့သူတွေလဲ လာမငြင်းပါနဲ့ဆက်တိုက်ပါကာဘော်လစ်ဆပ်ပြာမှာ ကာဘော်လစ်အက်စစ်ပါဝင်တဲ့အတွက်မျက်နှာအသားရည်ကိုပျက်ဆီးစေရုံသာမက မျက်ကြည်လွှာထိခိုက်စေပါတယ် carbolic အက်စစ်က နုနယ်တဲ့မျက်နှာအသားရည်ကို အက်စစ်ဓာတ်သဘောအရ စားပစ်လိုက်လို့စသုံးသုံးပီး၁ လ ၂ လလောက်ထိ မျက်နှာက ဖြူ လာပီး ok သယောင် ဖြစ်နေပါလိမ့်မယ် အဲ့နောက်ပိုင်း…


ဆောင်းတွင်းပိုင်းမှာ ဂရုစိုက်သင့်တဲ့ ရောဂါများ

၁။ နှလုံးရောဂါ နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။ အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။ ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။ နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။ ၂။ ရင်ကြပ်ရောဂါ တစ်ကယ်လို့…


ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် NUG အစိုးရက လမ်းကြောင်း ၂ ခုဖြင့်စီစဉ်နေ

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကြိုးစားနေပြီး ကာကွယ်ဆေးရဖို့ လမ်းကြောင်းနှစ်ခုကနေ စီစဉ်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မတီ ဉက္ကဋ္ဌ ဖဒိုမန်းမန်းက ဩဂုတ် ၂၄ ရက်နေ့မှာပြုလုပ်တဲ့ NUG အစိုးရ ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအခြေစိုက်တဲ့ နယ်စပ်ကနေ ကိုဗစ် ကာကွယ်ဆေးတွေကိုရယူနိုင်ဖို့ ကြိုးစားနေသလို ရန်ကုန်လေဆိပ်ကိုရောက်လာမယ့် နိုင်ငံတကာကပံ့ပိုးတဲ့ကာကွယ်ဆေးတွေကိုတော့ ကုလသမဂ္ဂက ကြားဝင်လက်ခံယူပေး ဖို့လိုတယ်လို့ ဆိုပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဖဒိုမန်းမန်းက “ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရဖို့ ကာကွယ်ဆေးစီးဆင်းမှု နှစ်ပိုင်းရှိပါတယ်။ တစ်လမ်းက…


နောက်ထပ်စိုးရိမ်စရာ မျိုးကွဲဗိုင်းရပ်စ် နိုင်ငံပေါင်း ၂၉ နိုင်ငံကို ပျံ့နှံနေပြီ

ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဗိုင်းရပ်စ်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တွေ့ရှိခဲ့ရပြီလို့ သိရပါတယ်။ဒါဟာ ဂျပန်၊ ဖိလစ်ပိုင်တို့မှာ တွေ့ရှိအပြီး နောက်ထပ်အာရှနိုင်ငံတစ်ခုမှာ ထပ်မံတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ မတ်လအတွင်းက ကောက်ယူခဲ့တဲ့ ဓာတ်ခွဲနမူနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့မှုအရ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သိပ္ပံနဲ့ စက်မှုသုတေသနကောင်စီ နဲ့ Jahangirnager တက္ကသိုလ်တို့က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂျာမနီမှာ ထုတ်ဝေတဲ့ Global Initiative on Sharing All Influenza Data (GISAID) မှာ ဖော်ပြထားချက်အရ…


တဘောင်၊အတိတ်နမိတ်တွေ မှန်တော့မလား တရုတ်ကစတဲ့ပိုး တရုတ်ကြီးပြန်ကြောက်နေ

ကိုဗစ်-၁၉၏ Delta မျိုးကွဲဗိုင်းရပ်စ်တစ်နိုင်ငံလုံးတွင် တစ်ဟုန်ထိုးမြင့်တက်လာစဉ် တရုတ်အရာရှိများက ဒေသခံများအား ၎င်းတို့ နေအိမ်များတွင် သော့ခတ်ပိတ်ထားသည်ကို ဖော်ပြသည့် ဗီွဒီယိုအမြောက်အများ လူမှုကွန်ရက်များပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ဝူဟန်မြို့၌ ကပ်ရောဂါစတင်ချိန်တွင် တွေ့မြင်ခဲ့ရသည့် အစွန်းရောက် နည်းလမ်းတစ်ခုကို ထပ်မံ လုပ်ဆောင်ခြင်း ပင် ဖြစ်ကြောင်း ကိုနီအဲဗားရင်းတန်က Taiwan News တွင် ရေးသားခဲ့သည်။ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထား သော ဝန်ထမ်းများက အိမ်တံခါးများပေါ်တွင် သံတိုင်များ ကာရန်ထားခြင်းဖြင့်…


မြန်မာကိုဗစ်သေဆုံးမှု အာဆီယံမှာ ၁ တူ ၃ ဝင်လာနေပြီနော်

ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကိုပဲ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယအများဆုံးဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁၃,၀၀၀ နီးပါး ရှိနေပြီး စတုတ္ထအများဆုံးဖြစ်တဲ့ မလေးရှားနဲ့ဆိုရင် အရေအတွက် ၁,၀၀၀ နီးပါးကွာပါတယ်။ အာဆီယံလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံကျော်၊ နိုင်ငံလူဦးရေစုစုပေါင်း သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာဆီယံဒေသမှာ ကူးစက် သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပြီး…


WHO လည်း ကိုဗစ်ကို တင်းလာလို့ တရုတ်ကို ရန်ရှာဖို့အတွက် စုံစမ်းရေးအသင်းသစ်ဖွဲ့ပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ကိုဗစ်ကပ်ရောဂါပိုးရဲ့ မူလဇစ်မြစ်အစ စုံစမ်းဖေါ်ထုတ်ရေး အကြံပေးအဖွဲ့တဖွဲ့ကို ဖွဲ့ထားကြောင်း မနေ့ သောကြာနေ့က ပြောပါတယ်။ အဲဒီလိုလုပ်ဆောင်ရတာဟာ ရောဂါပိုးရဲ့ မူလဇစ်မြစ် စုံစမ်းဖေါ်ထုတ်ရေးကို အဟန့်အတားဖြစ်စေတဲ့ နိုင်ငံရေးအရ အပြန်အလှန် ပြောဆိုကြတာကို အဆုံးသတ်သွားအောင်လို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ဘယ်နေရာမှာ ဘယ်လိုစတင်ပျံနှံ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး WHO က သေသေချာချာ ရှင်းမပြနိုင်ခဲ့တာဟာ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ တင်းမာမှုတွေဖြစ်လာစေသလို အထူးသဖြင့် တရုတ်နိုင်ငံ ဝူဟန်မှာ…


ဆီးလမ်းကြောင်း ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါကို၃ရက်နဲ့ ပျောက်ကင်းစေတဲ့ဆေးနည်း

ဆီးလမ်းကြောင်း ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါကို၃ရက်နဲ့ ပျောက်ကင်းစေတဲ့ဆေးနည်း ဒီနေ့ ဝမ်းသာဆုံး နေ့တစ်နေ့ ထဲမှာပါတယ်။နွယ်ရုံရွာ က ဦးလေးတော်ဆပ်သူ လေးလေးစန်း ရဲ့ ကျောက်တည်ပြီး ဆီးမသွားနိုင်ဖြစ်နေတဲ့ ရောဂါကို ကိုကိုယ်တိုင် ဆေးကြိတ်တိုက်လိုက်တာ ၆ ခွက်သောက်ပြီး ၃ ရက်မြောက်နေ့မှာပဲ ဓါတ်ပုံမှာပါတဲ့ ကျောက်ကြီးက ဆီးလမ်းကြောင်းအတိုင်း ထွက်ကျလာလို့ ဝမ်းသာမိခဲ့တာပါ။ လေးလေးစန်းလည်းတော်တော် နေထိုင်ကောင်းသွားပြီ။ တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းဆေးနည်းတွေက တော်တော်စွမ်းတယ်ဗျ။ ဆေးနည်းကတော့ လွယ်တယ်…


ကာကွယ်ဆေးအားလုံးကိုခံနိုင်ရည်ရှိတဲ့ ကိုဗစ် မျိုးကွဲ Epsilon ဗိုင်းရပ်စ်သစ်ထွက်ပေါ်လာ

တကယ်တော့ Epsilon ဆိုတဲ့ ကိုဗစ်မျိုးကွဲကို ၂၀၂၀ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ နယ်စပ်ခြင်းထိစပ်မှုဖြစ်နေတဲ့ ပါကစ္စတန်မှာ ယခုတွေ့ရှိနေပြီဖြစ်တာကြောင့် အိန္ဒိယပညာရှင်တွေကတော့ အထူးသတိပေးတာတွေလုပ်နေကြပါတယ်။ မြန်နှုန်းမြင့်ကူးစက်မြန်ပိုးလည်းဖြစ်တယ်လို့ဆိုပါတယ်။ သူ့အားသာချက်က တော့ ယခုထွက်နေတဲ့ကာကွယ်ဆေးတွေ အပေါ်ကို ခံနိုင်ရည်ရှိတာပါပဲ။ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ Lahore မြို့မှာ အဆိုပါကိုဗစ်ပိုးကူး စက်ခံနေရသူ အနည်းဆုံး ၅ ဦးကို စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့အာဏာပိုင်တွေကဆိုပါတယ်။ Epsilon မျိုးကွဲကို CAL.20C လို့လည်းအမည်ခေါ်ပြီး အမေရိကန်နိုင်ငံ…