ချစ်သူနဲ့ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ အကယ်ဒမီနေတိုး
အကယ်ဒမီနေတိုးနှင့် မသဲစုမြတ်ရွှေတို့၏ မင်္ဂလာဦးဆွမ်းကျွေးအလှူပွဲကိုယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ မင်္ဂလာဦးလက်မှတ်ရေးထိုးပွဲကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေတိုး၏နေအိမ်တွင် ရခိုင်ရိုးရာအပြင်အဆင်များဖြင့် မင်္ဂလာလက်မှတ်ရေးထိုးလိုက်ကြခြင်းဖြစ်ပြီး မင်္ဂလာဦးဆွမ်းကျွေးပွဲကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မင်္ဂလာမောင်နှံ နှစ်ယောက်ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ နိုင်ငံကျော် မင်းသားနေတိုးရဲ့ မင်္ဂလာခရီးလမ်း ဖြောင့်ဖြူး သာယာပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Read More