ကြီးကြီးကျယ်ကျယ် အဖြစ်အပျက်များ ဖြစ်ပေါ်လာမယ်ဆိုတဲ့ တစ်ပတ်စာဟောစာတမ်း

ကိုဗစ်ရောဂါ ဒုတိယလှိုင်းကာလမှာ အတတ်နိုင်ဆုံး အိမ်တွင်းနေပြီး အပြင်ထွက်ဖို့ အကြောင်းပေါ်သည့်အခါတွင်လည်း အကာကွယ်ပစ္စည်းများ တပ်ဆင်၍ သွားလာကြစေချင်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ရလာဒ်ကို ဖြစ်စေပါသည်။

[ နိုင်ငံရပ်ဝန်းလုံးဆိုင်ရာ ကြီးကြီးကျယ်ကျယ် အဖြစ်အပျက်များ ဖြစ်ပေါ်လာတတ်ပေသည်။ ]

Occult Arts Studio ကို အစဉ်အဆက် အားပေးနေကြသည့် ပရိသတ်များအတွက် တစ်ပတ်စာဟောစတမ်းလေးကို စီစဉ်ပေးလိုက်ရပါသည်။ တစ်ပတ်စာဟောကိန်း နဲ့ ယတြာလေးပါ ပါတာမို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါသည်။

[ တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ သားသမီးများ ရှယ်ပေးခြင်းဖြင့် တစ်ပတ်အတွင်း မျှော်လင့်ထားသော မျှော်လင့်ချက်များပြည့်ဝပြီး အနှောင့်အယှက် အတားအဆီးများစွာတို့သည် ပျက်စီးသွားပါလိမ့်မည်။ ဗုဒ္ဓဟူး ၊ ကြာသပတေး သားသမီးများ ရှယ်ပေးခြင်းဖြင့် မြောက်မြားစွာသောအခက်အခဲများပျက်စီးပြီး ငွေသောက်သောက်လဲ ဝင်နိုင်သောလုပ်ငန်းကောင်းများ ဖြစ်ပေါ်လာလိမ့်မည်။ သောကြာ ၊ စနေသားသမီးများ ရှယ်ပေးခြင်းဖြင့် မိမိလိုချင်သော လိုအပ်သောအရာများ ပြည့်စုံ၍ တောင်းဆုကောင်းများ ပြည့်ပါလိမ့်မည်။ မယုံရှယ်ကြည့်လေ ထူးခြားမှုများစွာ ကြုံ့ရပါလိမ့်မည်။ ]

❝ ငွေကြေးနဲ့ပက်သက်သောအစီအရင်များ ❞

ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်ယတြာတွေကိုပဲလုပ်လုပ် အောက်ပါ ငွေဓါတ်ပေါ်တဲ့အချိန်ကို ပြုလုပ်မှ မုချအစွမ်းထက်ပါမည်။

(၁) တနင်္ဂနွေနေ့ နံနက် (၁၀)နာရီ (၄၉)မိနစ် မှ နေ့လည် (၁)နာရီ (၁၂)မိနစ်

(၂) တနင်္လာနေ့ နေ့လည် (၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်

(၃) အဂါင်္နေ့ ညနေ (၃)နာရီ (၃၇)မိနစ် မှ ညနေ (၆)နာရီ

(၄) ဗုဒ္ဓဟူးနေ့ နံနက်(၆)နာရီ မှ နံနက် (၈)နာရီ (၂၄)မိနစ်

(၅) ကြာသပတေးနေ့ နံနက် (၈)နာရီ (၂၅)မိနစ် မှ (၁၀)နာရီ (၄၈)မိနစ်

(၆) သောကြာနေ့ နံနက်(၁၀)နာရီ (၄၉)မိနစ် မှ (၁)နာရီ (၁၂)မိနစ်

(၇) စနေနေ့ နေ့လည်(၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်

(၁) ဆပ်ပြာမွှေးပေါ် စံပယ်ပန်းတင်၍ ” ငွေများများဝင်ပါစေ ၊ အမြန်ဆုံးဝင်ပါစေ” ဟု ဆုတောင်းပါ။

(၂) မကိုဋ်ပါသော ဘုရားကို စံပယ်ပန်း စလွယ်သိုင်း၍ လှူပြီး ဆုတောင်းပါ။

(၃) ကုလားမ ခြင်းဆွဲ နို့ဆီဘူးအပေါ်တွင် မီးထွန်းဆုတောင်းပါ။ (ဖယောင်းတိုင်အစိမ်း)

(၄) ပန်းကန်တစ်ချပ်ပေါ်တွင် ဇီးယို (၆)ပုံ ၊ (၁)ပုံလျှင် သပြေတစ်ညွှန့်စီတင်ပြီး ဘုရားထံတွင် ဆုပန်ပါ။

(၅) သီလရှင်ကို ဆန်(၃)ပြည် လှူပြီး ဆုတောင်းပါ။

(၆) နိုင်ငံခြား အရက်ပုလင်းအစိမ်းရောင်အလွတ် (အရက်အနည်းငယ်ပါရင် ပိုကောင်းသည်) ပုလင်းထဲတွင် ကျောက်စရစ်ခဲ (၉)ခဲ ထည့်၍ နှင်းဆီ အနီရဲရဲ တစ်ပွင့် အမြဲ ထိုးထားပါ။

(၇) အုန်းသီးစိမ်းတစ်လုံးကို မျက်နှာဝဖွင့် အုန်းရည်တွေ သွန်ပြီး ကြံရည်ထည့် ၊ သပြေ(၁၅) ညွန့် ထည့်ပါ။ အုန်းသီးအောက်တွင် အင်္ကျီတစ်ထည်ထည့် ဘုရားတွင် လှူ၍ ဆုတောင်းပါ။ လာဘ်လာဘ ပွင့်လန်းသည်။

(၈) အနီရောင်ပူဖောင်း ၊ အဝါရောင်ပူဖောင်း ၊ အစီမ်းရောင်ပူဖောင်း တို့ကို ဖယောင်းတိုင်အခြေမှာ ကြိုးနဲ့စုချည် ။ ဖယောင်းတိုင်အဖျားဘက်ကနေ ကြိုးတစ်ချောင်းနဲ့ချည်ပြီး အိမ် (သို့) ဆိုင်အဝင်ဝမှာ ချိတ်ဆွဲထားပါ။ လာဘ်ရွှင်ပြီး အိမ်သားများ ကျန်းမာစေသည်။

(၉) တနင်္လာနေ့ နံနက် (၉း၄၅) မှာ မြေအိုးကို ထုံးသုတ် ။ ကန်စွန်းညွန့် (၉)ညွန့်ုထိုး ။ အမြင့်မှာ တင်ထားပါ။ တစ်ပတ်တစ်ခါ လဲပေးပါ။ (၉)ပတ်အတွင်း ငွေဝင်မယ်.။

(၁၀) ငွေအရေးတကြီးလိုအပ်လာပါက နှမ်းများများပါသော ဘိန်းမုန့်ကို ရှာလကာရည်ဖြင့် လောင်းပြီး ငွေအလျင်အမြန်လိုအပ်နေကြောင်း ပြောပါ။ ထို့နောက် ငွေရနိုင်မဲ့နေရာများတွင် ငွေထပ်ရှာပါ။ နက်ဖြန်ငွေအသည်းအသန်လိုအပ်နေသူများ ဒီနေ့ ငွေရပေါက်မရှိသည့်အခြေအနေမျိုးတွင် လုပ်သင့်သည်။

(၁၁) ဘုရားမှာ ယပ်တော်သွင်းပြီးဆုတောင်းပါ။

(၁၂) လစ်ပိုပလင်းပေါ်မှာ ဖယောင်းတိုင်မီးတင်ထွန်းပြီးဆုတောင်းပါ

(၁၃) အုန်းဆီသန့်သန့်ကို (အရဟံ-ဇိနော)ဂါထာကို ၁၀၈ခေါက်မနိးပြီး ဖီးလိမ်းပါ။

(၁၄) စားပြီးသား ထမင်းတဆုပ်ကို ကျီးငှက်။ခွေး။ကြောင်တို့အား အမြဲဒါနပြုပါ

(၁၅) မိမိ အိပ်ယာ ခေါင်းအုံး တို့အားသန့်စင်စွာ အမွေးနံ့သာဖြန်ထားပြီး အိပ်ခါနီတိုင်း အိမ်စောင့်နတ်အားအမျှပေးတိုင်တည်ပါ။

❝ ဈေးဆိုင်ဖွင့်ထားသူများအတွက် လာဘ်လာဘပွင့်လန်းစေသော အစီအရင်များ ❞

တနင်္ဂနွေနေ့တွင် အရောင်းအဝယ် ဆောင်ရွက်သောအခါ ဈေးဦးမပေါက် အရောင်းအဝယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအဝယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

တနင်္လာနေ့တွင် အရောင်အဝယ် ပြုသောအခါတွင် ရောင်းပန်းဝယ်ပန်းမပွင့် ဝယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး ဈေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စားလိုက်ပါ။ ဇီးသီးလည်း စားနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။

အင်္ဂါနေ့တွင် ဈေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီးသုပ်စားခြင်း ဖြစ်သည်။

အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် ဈေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ဗုဒ္ဓဟူးနေ့တွင် ဈေးအရောင်း အဝယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်းဖြစ်သည်။ ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ ဈေးရောက်မှ အခြားဆိုင်မှ ဝယ်ယူခြင်းဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ကြာသပတေးနေ့တွင် ဈေးရောင်းအဝယ်ပြုစဉ် ဈေးရောင်းမကောင်းခြင်း ၊ မိမိဈေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါက သရက်သီးနှင့် လာဘ်ဖွင့်ရမည်။ သရက်သီးချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

သောကြာနေ့တွင် ဈေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ်ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။ နို့နှင့်ပြုလုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက်နိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

စနေနေ့တွင် အရောင်းအဝယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအဝယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ ဈေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

❝ အကြွေးပြန်ရလိုသူများအတွက် ယတြာ ❞

အကြွေးပြန်လိုချင်ရင် မိမိချေးထားသော ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ။

————————————————–

❝ မရမရှိ အကူအညီရရှိစေသောနည်း ❞

ဘုရားစင်ရှေ့မှာထိုင်၊ ကိုယ်ရှေ့မှာ မှန်တစ်ချပ်ထောင်ပါ။ မှန်ရှေ့မှာ အာလူးတစ်လုံးချပါ။ အာလူးမှာတော့ ကိုယ်သွားပြီး အကူအညီတောင်းမယ့် လူရဲ့ အမည်ကိုရေးပါ။ အဲဒီ အာလူးပေါ်မှာတော့ အမွှေးတိုင်တစ်တိုင် စိုက်ထွန်းပြီး ဆုတောင်းသွားပါ။

❝ ပြဿနာအရှာခံနေရပါက ပြုလုပ်ရန်ယတြာ ❞

ငှက်ပျောတုံး တစ်တုံး တစ်တောင် လောက်ရှာပါ။ ထို ငှက်ပျောတုံးပေါ်မှာ ဝါးခြမ်းပြား ကွေးကွေးလေး စိုက်ပါ။ ၎င်းအပေါ်တွင် ဖယောင်းတိုင် (၇) တိုင် ထွန်းပါ။ နေဝင်ချိန် အပြင်ဘက်တွင် ထွန်းပါ။ မိမိ ဖြစ်ချင်တာကို သေသေချာချာ ဆုတောင်း လိုက်ပါ။

စဝ်ခွန်ဖသိုင် (ကမ္ဘာ့ဂမ္ဘီရသုတေသီ)

နိမိတ်နှင့်စကြာဝဠာပညာရှင် – ဂမ္ဘီရဝိဇ္ဇာဓရအဆောင်ပစ္စည်း အရောင်းဆိုင် (Occult Arts Studio)

Be the first to comment on "ကြီးကြီးကျယ်ကျယ် အဖြစ်အပျက်များ ဖြစ်ပေါ်လာမယ်ဆိုတဲ့ တစ်ပတ်စာဟောစာတမ်း"

Leave a comment

Your email address will not be published.


*