ကမ္ဘာကျော် Youtuber နဲ့ ထိုးသတ်မယ်လို့ ကြေညာလိုက်တဲ့ မေဝယ်သာ

ကမာၻေက်ာ္ Youtuber နဲ႔ ထိုးသတ္မယ္လို႔ ေမဝယ္သာ ေၾကညာ

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ Youtuber လိုဂန္ေပါလ္နဲ႔ အထူးသ႐ုပ္ျပပြဲ ထိုးသတ္သြားမယ္လို႔ ဝိတ္တန္း ၅ တန္း ကမာၻ႔ခ်န္ပီယံေဟာင္း ေမဝယ္သာက ေၾကညာထားပါတယ္။

အသက္ ၄၃ ႏွစ္ရွိတဲ့ အေမရိကန္လက္ေဝွ႔သမား ေမဝယ္သာဟာ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔သမားဘဝမွာ ပြဲ ၅၀ လုံး အႏိုင္ရတဲ့ မွတ္တမ္းနဲ႔ အနားယူခဲ့သူပါ။

အသက္ ၂၅ ႏွစ္ရွိတဲ့ အေမရိကန္ႏိုင္ငံသား လိုဂန္ေပါလ္ဟာ ကမာၻေပၚမွာ လူၾကည့္အမ်ားဆုံး Youtube Channel တစ္ခု ပိုင္ဆိုင္ထားသူျဖစ္ၿပီး အရင္တုန္းက လက္ေဝွ႔ကို ပေရာ္ဖက္ရွင္နယ္ ထိုးသတ္ခဲ့ဖူးသူပါ။ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလက သူ႔လိုပဲ Youtuber တစ္ေယာက္ျဖစ္တဲ့ KSI နဲ႔ ထိုးသတ္ရာမွာ ရႈံးနိမ့္ခဲ့ပါတယ္။

Youtube ေပၚမွာ ပရိသတ္ ၂၂ သန္းေက်ာ္ရွိတဲ့ လိုဂန္ေပါလ္နဲ႔ ေမဝယ္သာတို႔ဟာ လူမႈကြန္ရက္ေပၚမွာ အျပန္အလွန္ ေဝဖန္ထိုးႏွက္ခဲ့ၾကဖူးပါတယ္။

ေမဝယ္သာဟာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတုန္းက ဂ်ပန္ကစ္ေဘာင္ဆင္သမား နာဆုကာဝါကို သ႐ုပ္ျပပြဲမွာ စကၠန႔္ ၁၄၀ တည္းနဲ႔ အႏိုင္ယူထိုးသတ္ႏိုင္ခဲ့ပါတယ္။

အဲဒီပြဲက အေမရိကန္ေဒၚလာ ၉ သန္း တန္ေၾကးရွိတယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၀ ရက္မွာ ထိုးသတ္မယ့္ ေမဝယ္သာနဲ႔ လိုဂန္ေပါတို႔ရဲ႕ပြဲစဥ္ကလည္း အခေပးၾကည့္ရႈသူအေရအတြက္ မ်ားျပားမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

————–

ကမ္ဘာကျော် Youtuber နဲ့ ထိုးသတ်မယ်လို့ မေဝယ်သာ ကြေညာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ Youtuber လိုဂန်ပေါလ်နဲ့ အထူးသရုပ်ပြပွဲ ထိုးသတ်သွားမယ်လို့ ဝိတ်တန်း ၅ တန်း ကမ္ဘာ့ချန်ပီယံဟောင်း မေဝယ်သာက ကြေညာထားပါတယ်။

အသက် ၄၃ နှစ်ရှိတဲ့ အမေရိကန်လက်ဝှေ့သမား မေဝယ်သာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲ ၅၀ လုံး အနိုင်ရတဲ့ မှတ်တမ်းနဲ့ အနားယူခဲ့သူပါ။

အသက် ၂၅ နှစ်ရှိတဲ့ အမေရိကန်နိုင်ငံသား လိုဂန်ပေါလ်ဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး Youtube Channel တစ်ခု ပိုင်ဆိုင်ထားသူဖြစ်ပြီး အရင်တုန်းက လက်ဝှေ့ကို ပရော်ဖက်ရှင်နယ် ထိုးသတ်ခဲ့ဖူးသူပါ။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက သူ့လိုပဲ Youtuber တစ်ယောက်ဖြစ်တဲ့ KSI နဲ့ ထိုးသတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Youtube ပေါ်မှာ ပရိသတ် ၂၂ သန်းကျော်ရှိတဲ့ လိုဂန်ပေါလ်နဲ့ မေဝယ်သာတို့ဟာ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ဝေဖန်ထိုးနှက်ခဲ့ကြဖူးပါတယ်။

မေဝယ်သာဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဂျပန်ကစ်ဘောင်ဆင်သမား နာဆုကာဝါကို သရုပ်ပြပွဲမှာ စက္ကန့် ၁၄၀ တည်းနဲ့ အနိုင်ယူထိုးသတ်နိုင်ခဲ့ပါတယ်။

အဲဒီပွဲက အမေရိကန်ဒေါ်လာ ၉ သန်း တန်ကြေးရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထိုးသတ်မယ့် မေဝယ်သာနဲ့ လိုဂန်ပေါတို့ရဲ့ပွဲစဉ်ကလည်း အခပေးကြည့်ရှုသူအရေအတွက် များပြားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: BBC ” Floyd Mayweather v Logan Paul: Undefeated legend to take on Youtuber in ‘exhibition’”

Be the first to comment on "ကမ္ဘာကျော် Youtuber နဲ့ ထိုးသတ်မယ်လို့ ကြေညာလိုက်တဲ့ မေဝယ်သာ"

Leave a comment

Your email address will not be published.


*