အိမ္ကို ျပန္လည္ျပဳျပင္တည္ေဆာင္ရင္း ေျမေအာက္မွာရွိတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္လို႔ထင္ရတဲ့ ေနရာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ၁၉၆၃ခုႏွစ္မွာျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ျဖစ္ၿပီး Turkey ႏိုင္ငံ၊ Nevşehir နယ္မွာရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ သူ႔အိမ္ကို ျပန္လည္ျပဳျပင္တည္ေဆာက္ဖို႔ နံရံကို လွဲလိုက္တဲ့အခ်ိန္မွာ ေတြ႕ရွိခဲ့တာပါ။
သူဟာ နံရံတစ္ခ်ပ္ကိုၿဖိဳခ်ၿပီးေနာက္ တြင္းေပါက္တစ္ခုကိုေတြ႕ရွိခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ မေရမတြက္ႏိုင္တဲ့ လမ္းေၾကာင္းေတြနဲ႔ ဂူေတြကို ေတြ႕ရွိခဲ့ပါတယ္။ တကယ္တမ္းသူေတြ႕ရွိခဲ့တာဟာ Derinkuyu လို႔ေခၚတဲ့ Turkey မွာရွိတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္လို႔ ေခၚတဲ့ေနရာပါ။
Derinkuyu အေၾကာင္း သမိုင္းမွာ အေထာက္အထားေတြေတြ႕ရွိခဲ့ၿပီး လမ္းေၾကာင္းအေနအထားေတြ ၾကည့္ရတဲ့ပုံအရ ေရွးတုန္းက သဘာဝေဘးအႏၲရာယ္ျဖစ္တဲ့အခါ လူေတြ ဝင္ေရာက္ေနထိုင္တဲ့ ေနရာလိုျဖစ္မယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။
Source: sunnyskyz
———–
အိမ်ကို ပြန်လည်ပြုပြင်တည်ဆောင်ရင်း မြေအောက်မှာရှိတဲ့ ရှေးဟောင်းမြို့တော်လို့ထင်ရတဲ့ နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉၆၃ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး Turkey နိုင်ငံ၊ Nevşehir နယ်မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ့အိမ်ကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ နံရံကို လှဲလိုက်တဲ့အချိန်မှာ တွေ့ရှိခဲ့တာပါ။
သူဟာ နံရံတစ်ချပ်ကိုဖြိုချပြီးနောက် တွင်းပေါက်တစ်ခုကိုတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ မရေမတွက်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ ဂူတွေကို တွေ့ရှိခဲ့ပါတယ်။ တကယ်တမ်းသူတွေ့ရှိခဲ့တာဟာ Derinkuyu လို့ခေါ်တဲ့ Turkey မှာရှိတဲ့ ရှေးဟောင်းမြို့တော်လို့ ခေါ်တဲ့နေရာပါ။
Derinkuyu အကြောင်း သမိုင်းမှာ အထောက်အထားတွေတွေ့ရှိခဲ့ပြီး လမ်းကြောင်းအနေအထားတွေ ကြည့်ရတဲ့ပုံအရ ရှေးတုန်းက သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အခါ လူတွေ ဝင်ရောက်နေထိုင်တဲ့ နေရာလိုဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
Source: sunnyskyz
Be the first to comment on "အိမ္ကိုျပဳျပင္တည္ေဆာက္ရာမွ ေျမေအာက္တြင္ရွိေသာ မထင္မွတ္တဲ့အရာမ်ား ေတြ႕ရွိ"