ထောက်ပံ့ကြေး မရသူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကောင်း

အစိုးရက ေထာက္ပံ့ေၾကးမရလို႔ က်န္ခဲ့တဲ့သူေတြကို ျပန္ၿပီးပံ့ပိုးေပးသြားမယ္လို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က “အခု အစိုးရက စတုတၳအႀကိမ္ ေထာက္ပံ့ေၾကးေပးတဲ့ေနရာမွာ လူစုလူေဝးေတြျဖစ္တယ္။

ဘယ္သူ႔ကိုမွမခ်န္ခဲ့ပါဘူး။ ကိုယ့္ရပိုင္ခြင့္ မရဘူးဆိုရင္ တိုင္ၾကားပါ။ က်န္ခဲ့ရင္ ျပန္ၿပီးေတာ့ ပံ့ပိုးေပးသြားမယ္” လို႔ ဆိုပါတယ္။

Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမွု ေနာက္ဆုံးအေျခအေနႏွင့္ စပ္လ်ဥ္း၍ ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္ မိန႔္ခြန္းကိုယေန႔ည ၈ နာရီတြင္ နိုင္ငံေတာ္ပိုင္႐ုပ္သံလိုင္း ျမန္မာ့႐ုပ္ျမင္သံၾကား မွတစ္ဆင့္ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

———————-

အစိုးရက ထောက်ပံ့ကြေးမရလို့ ကျန်ခဲ့တဲ့သူတွေကို ပြန်ပြီးပံ့ပိုးပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခု အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ကြေးပေးတဲ့နေရာမှာ လူစုလူဝေးတွေဖြစ်တယ်။

ဘယ်သူ့ကိုမှမချန်ခဲ့ပါဘူး။ ကိုယ့်ရပိုင်ခွင့် မရဘူးဆိုရင် တိုင်ကြားပါ။ ကျန်ခဲ့ရင် ပြန်ပြီးတော့ ပံ့ပိုးပေးသွားမယ်” လို့ ဆိုပါတယ်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကိုယနေ့ည ၈ နာရီတွင် နိုင်ငံတော်ပိုင်ရုပ်သံလိုင်း မြန်မာ့ရုပ်မြင်သံကြား မှတစ်ဆင့်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

Be the first to comment on "ထောက်ပံ့ကြေး မရသူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကောင်း"

Leave a comment

Your email address will not be published.


*