ျမန္မာျပည္အေနနဲ႔ ကိုဗစ္ဆူနာမီလွိုင္းလုံးႀကီးကို ရင္ဆိုင္ေနရၿပီဟု ပညာရွင္မ်ားေျပာၾကား

ျမန္မာနိုင္ငံမွာ ကိုဗစ္ပိုးကူးစက္မွုက ဆူနာမီလွိုင္းလုံးႀကီးသဖြယ္ျဖစ္ေနၿပီး ေန႔စဥ္ လူနာအသစ္ တစ္ေထာင္ေက်ာ္ တိုးေနမွုေၾကာင့္ ေဆး႐ုံေတြ၊ေဆးခန္းေတြနဲ႔ ကိုဗစ္စင္တာေတြမွာ မနိုင္မနင္းျဖစ္ေနၿပီလို႔ ေသြးရည္ၾကည္နဲ႔ ကိုဗစ္လူနာမ်ားကို ကုသေရးအႀကံေပးအဖြဲ႕ ဥကၠဌ ေဒါက္တာရဲျမက ေျပာၾကားလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ စက္တင္ဘာလကစတင္ကာ လက္ရွိ ဒီဇင္ဘာလဆန္းပိုင္းအထိ ေန႔စဥ္ လူနာသစ္ဦးေရ (၁,၀၀၀) ေက်ာ္နဲ႔ ေသဆုံးသူက (၃၀) ခန႔္ရွိေနၿပီး လွိုင္းလုံးႀကီးကို ရင္ဆိုင္ေနရတဲ့အေျခအေနမွာ ရွိေနတယ္လို႔ ေဒါက္တာရဲျမက ဆိုပါတယ္။ ဒီဇင္ဘာ (၅) ရက္က ျမန္မာနိုင္ငံဆရာဝန္အသင္းမွာ က်င္းပျပဳလုပ္တဲ့ ကိုဗစ္-၁၉ နဲ႔ပတ္သက္တဲ့ တိုက္ရိုက္ထုတ္လႊင့္မွုအစီအစဥ္မွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဆူနာမီလွိုင္းလုံးလိုပဲ။ ဆူနာမီလွိုင္းေတာင္မွ တစ္ရက္တည္း၊ခဏေလးနဲ႔ ၿပီးသြားတာ။ ကၽြန္တာ္တို႔က ေန႔တိုင္းေန႔တိုင္း လူနာ (၁,၀၀၀) ေက်ာ္ေတြ႕ေနတယ္။ ဆရာဝန္ေတြ ၊သူနာျပဳဆရာမေတြ၊ ဓာတ္ခြဲခန္းဝန္ထမ္းေတြ ေန႔မအိပ္၊ ညမအိပ္ျဖစ္ေနၿပီ။ စင္တာတစ္ခုမွာ လူနာ (၅၀၀) ၊ (၁,၀၀၀) ေရာက္ေနတဲ့အခါ ကၽြန္ေတာ္တို႔ ဒါကို ဘယ္လိုလုပ္ကိုင္တြယ္နိုင္မလဲ။ ဒီလွိုင္းလုံးႀကီး ႀကီးလြန္းအားႀကီးလို႔ ရင္ဆိုင္ရတာ ေတာ္ေတာ္မ်ားပါတယ္။ ဒီပုံနဲ႔ဆက္သြားရင္ က်န္းမာေရးဝန္ထမ္းေတြ ဘယ္ေလာက္ၾကာၾကာခံနိုင္မလဲ။ ကၽြန္ေတာ္သိရသေလာက္ က်န္းမာေရးဝန္ထမ္းေတြဟာ စေန၊တနဂၤေႏြ၊ ခြင့္မယူဘဲ အလုပ္လုပ္ေနၾကရပါတယ္” လို႔ ပါေမာကၡ ေဒါက္တာရဲျမက ဆိုပါတယ္။

အခုလို ေန႔စဥ္ လူနာသစ္ ေထာင္ခ်ီတိုးလာေနတာကို ေလၽွာ့ခ်နိုင္မွသာ ေသဆုံးမွုေတြ ေလ်ာ့လာနိုင္ၿပီး ျပင္းထန္တဲ့လူနာေတြကို ထိထိေရာက္ေရာက္ ကုသနိုင္မွာျဖစ္သလို နိုင္နိုင္နင္းနင္းကုသေပးနိုင္မွာ ျဖစ္တယ္လို႔လည္း ေဒါက္တာရဲျမက ေျပာပါတယ္။

“တစ္ေန႔ တစ္ေန႔ (၂၀)၊ (၃၀) ေသတယ္ဆိုရင္ပဲ တစ္လ၊ တစ္လဘယ္ေလာက္ရွိၿပီလဲ။ ဒီတိုင္းဘယ္ေလာက္ၾကာၾကာဆက္သြားမွာလဲ။ သူ႔ဟာနဲ႔သူ ေပ်ာက္သြားမွာမဟုတ္ပါဘူး။ ဘယ္ေလာက္ပဲ သတၱိေကာင္းေကာင္း ကၽြန္ေတာ္တို႔ မနိုင္ဘူး။ အခ်ိန္နဲ႔ ဒီေရနဲ႔ ကိုဗစ္-၁၉ သည္ လူကို မေစာင့္ဘူးဆိုတာ ကၽြန္ေတာ္ အျမဲတမ္းေျပာပါတယ္။ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါေစာင့္ကုလို႔ရပါတယ္။ ဆီးခ်ိဳေရာဂါ တစ္လေလာက္ ေဆးမေသာက္ရင္ မေသနိုင္ပါဘူး။ ဒီေရာဂါက ႏွစ္ပတ္၊သုံးပတ္အတြင္းမွာ ေသနိုင္ပါတယ္။ “လို႔ ပါေမာကၡ ေဒါက္တာရဲျမကဆိုပါတယ္။

ကိုဗစ္ေရာဂါ ကူးစက္ခံရသူေတြထဲမွာ (၈၀) ရာခိုင္ႏွုန္းေလာက္က ေရာဂါျဖစ္ပြားၿပီး ပထမအပတ္အတြင္း ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အနံ့အရသာ မရတာစသျဖင့္ လကၡဏာျပၿပီး ျပန္လည္ေကာင္းမြန္သြားၾကတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ျပင္းထန္တဲ့လူနာေတြကေတာ့ ေရာဂါျဖစ္ပြားၿပီး ပထမပတ္အတြင္းမွာ ဖ်ားနာ၊ေခ်ာင္းဆိုး စတဲ့ ေရာဂါလကၡဏာခံစားရနိုင္ကာ ဒုတိယပတ္အတြင္းမွာေတာ့ ေမာတာ၊ အသက္ရွုစက္အသုံးျပဳရတာေတြ ရွိတယ္လို႔ ေလ့လာေတြ႕ရွိခ်က္ေတြအရသိရေၾကာင္း ပါေမာကၡ ေဒါက္တာရဲျမကဆိုပါတယ္။

အဲဒီေနာက္ ျပင္းထန္လူနာေတြဟာ ေရာဂါျဖစ္ပြားၿပီး တတိယပတ္ကာလေရာက္ရွိပါက ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးမရွိေတာ့ေပမယ့္ အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြ ပ်က္စီးသြားခဲ့ကာ ေသဆုံးသြားၾကရတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

———–

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှုက ဆူနာမီလှိုင်းလုံးကြီးသဖွယ်ဖြစ်နေပြီး နေ့စဉ် လူနာအသစ် တစ်ထောင်ကျော် တိုးနေမှုကြောင့် ဆေးရုံတွေ၊ဆေးခန်းတွေနဲ့ ကိုဗစ်စင်တာတွေမှာ မနိုင်မနင်းဖြစ်နေပြီလို့ သွေးရည်ကြည်နဲ့ ကိုဗစ်လူနာများကို ကုသရေးအကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာရဲမြက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလကစတင်ကာ လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းအထိ နေ့စဉ် လူနာသစ်ဦးရေ (၁,၀၀၀) ကျော်နဲ့ သေဆုံးသူက (၃၀) ခန့်ရှိနေပြီး လှိုင်းလုံးကြီးကို ရင်ဆိုင်နေရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒေါက်တာရဲမြက ဆိုပါတယ်။ ဒီဇင်ဘာ (၅) ရက်က မြန်မာနိုင်ငံဆရာဝန်အသင်းမှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဆူနာမီလှိုင်းလုံးလိုပဲ။ ဆူနာမီလှိုင်းတောင်မှ တစ်ရက်တည်း၊ခဏလေးနဲ့ ပြီးသွားတာ။ ကျွန်တာ်တို့က နေ့တိုင်းနေ့တိုင်း လူနာ (၁,၀၀၀) ကျော်တွေ့နေတယ်။ ဆရာဝန်တွေ ၊သူနာပြုဆရာမတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ နေ့မအိပ်၊ ညမအိပ်ဖြစ်နေပြီ။ စင်တာတစ်ခုမှာ လူနာ (၅၀၀) ၊ (၁,၀၀၀) ရောက်နေတဲ့အခါ ကျွန်တော်တို့ ဒါကို ဘယ်လိုလုပ်ကိုင်တွယ်နိုင်မလဲ။ ဒီလှိုင်းလုံးကြီး ကြီးလွန်းအားကြီးလို့ ရင်ဆိုင်ရတာ တော်တော်များပါတယ်။ ဒီပုံနဲ့ဆက်သွားရင် ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်ကြာကြာခံနိုင်မလဲ။ ကျွန်တော်သိရသလောက် ကျန်းမာရေးဝန်ထမ်းတွေဟာ စနေ၊တနင်္ဂနွေ၊ ခွင့်မယူဘဲ အလုပ်လုပ်နေကြရပါတယ်” လို့ ပါမောက္ခ ဒေါက်တာရဲမြက ဆိုပါတယ်။

အခုလို နေ့စဉ် လူနာသစ် ထောင်ချီတိုးလာနေတာကို လျှော့ချနိုင်မှသာ သေဆုံးမှုတွေ လျော့လာနိုင်ပြီး ပြင်းထန်တဲ့လူနာတွေကို ထိထိရောက်ရောက် ကုသနိုင်မှာဖြစ်သလို နိုင်နိုင်နင်းနင်းကုသပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဒေါက်တာရဲမြက ပြောပါတယ်။

“တစ်နေ့ တစ်နေ့ (၂၀)၊ (၃၀) သေတယ်ဆိုရင်ပဲ တစ်လ၊ တစ်လဘယ်လောက်ရှိပြီလဲ။ ဒီတိုင်းဘယ်လောက်ကြာကြာဆက်သွားမှာလဲ။ သူ့ဟာနဲ့သူ ပျောက်သွားမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း ကျွန်တော်တို့ မနိုင်ဘူး။ အချိန်နဲ့ ဒီရေနဲ့ ကိုဗစ်-၁၉ သည် လူကို မစောင့်ဘူးဆိုတာ ကျွန်တော် အမြဲတမ်းပြောပါတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါစောင့်ကုလို့ရပါတယ်။ ဆီးချိုရောဂါ တစ်လလောက် ဆေးမသောက်ရင် မသေနိုင်ပါဘူး။ ဒီရောဂါက နှစ်ပတ်၊သုံးပတ်အတွင်းမှာ သေနိုင်ပါတယ်။ “လို့ ပါမောက္ခ ဒေါက်တာရဲမြကဆိုပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေထဲမှာ (၈၀) ရာခိုင်နှုန်းလောက်က ရောဂါဖြစ်ပွားပြီး ပထမအပတ်အတွင်း ဖျားနာ၊ ချောင်းဆိုး၊ အနံ့အရသာ မရတာစသဖြင့် လက္ခဏာပြပြီး ပြန်လည်ကောင်းမွန်သွားကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့လူနာတွေကတော့ ရောဂါဖြစ်ပွားပြီး ပထမပတ်အတွင်းမှာ ဖျားနာ၊ချောင်းဆိုး စတဲ့ ရောဂါလက္ခဏာခံစားရနိုင်ကာ ဒုတိယပတ်အတွင်းမှာတော့ မောတာ၊ အသက်ရှုစက်အသုံးပြုရတာတွေ ရှိတယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရကြောင်း ပါမောက္ခ ဒေါက်တာရဲမြကဆိုပါတယ်။

အဲဒီနောက် ပြင်းထန်လူနာတွေဟာ ရောဂါဖြစ်ပွားပြီး တတိယပတ်ကာလရောက်ရှိပါက ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးမရှိတော့ပေမယ့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့ကာ သေဆုံးသွားကြရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Be the first to comment on "ျမန္မာျပည္အေနနဲ႔ ကိုဗစ္ဆူနာမီလွိုင္းလုံးႀကီးကို ရင္ဆိုင္ေနရၿပီဟု ပညာရွင္မ်ားေျပာၾကား"

Leave a comment

Your email address will not be published.


*