တစ္ေခတ္တစ္ခါက ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့တဲ့ ၾကည္လဲ့လဲ့ဦးနဲ႔ ဇာနည္တို႔ဟာ ယခုအခ်ိန္မွာေတာ့ အိမ္ေထာင္သက္တမ္း (၁၆) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ပါတယ္။ အိမ္ေထာင္ဦးစီးျဖစ္တဲ့ ဇာနည္နဲ႔ သားသမီးေတြအတြက္ အိမ္ေထာင္ရွင္မေကာင္းတစ္ဦးအျဖစ္ ရပ္တည္ေနခဲ့တဲ့ ၾကည္လဲ့လဲ့ဦးဟာလည္း မိသားစုကသာ ပထမဦးဆုံးအေရးႀကီးျဖစ္ခဲ့ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္တာေလ်ာ့နည္းသြားၿပီးေတာ့ မလုပ္ေတာ့သေလာက္ျဖစ္ခဲ့တဲ့ ၾကည္လဲ့လဲ့ဦးနဲ႔ ဇာနည္တို႔ရဲ႕ အိမ္ေထာင္သက္တမ္းဟာ ယခုဆိုရင္ေတာ့ (၁၆) ႏွစ္ေက်ာ္လာခဲ့ပါၿပီ။ (၁၄) ႏွစ္အတြင္းမွာလည္း သားသမီး (၃) ဦးထြန္းကားခဲ့ၿပီးေတာ့ ေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ မိသားစုဘဝေလးနဲ႔ သာမာန္မိသားစုအသြင္ ေနထိုင္ခဲ့ၾကတာျဖစ္ပါတယ္။
ခင္ပြန္းသည္ရဲ႕ အလိုလိုက္ျခင္း၊ ခ်စ္ခင္ျခင္းေတြကို အျပည့္အဝရရွိထားတဲ့ ၾကည္လဲ့လဲ့ဦးဟာ သစၥာတရားေတြကိုပါ အပိုထပ္ေဆာင္းအေနနဲ႔ရရွိခဲ့ျပန္ပါေသးတယ္။ မဂၤလာသက္တမ္း (၁၆) ႏွစ္ေက်ာ္လာၿပီးေနာက္မွာေတာ့ ခင္ပြန္းသည္ျဖစ္သူ ဇာနည္က ဇနီးသည္အေပၚ ဘယ္ေလာက္သစၥာရွိရွိနဲ႔ ခ်စ္ျမတ္ႏိုးေၾကာင္းကို ရင္ဖြင့္လာခဲ့ပါတယ္။ ေက်ာခ်င္းကပ္ၿပီး ထိုင္ေနရင္ေတာင္…သူ႔မ်က္ႏွာမျမင္ရလို႔ လြမ္းေနတတ္တာမ်ိဳး ဆိုတဲ့ စာသားေလးကို လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားခဲ့ၿပီး အႏုပညာ ညီအစ္ကိုေမာင္ႏွမေတြကေတာ့ ၾကည္လဲ့လဲ့ဦးကိုခ်ဳပ္ေနၿပီဆိုတဲ့ မွတ္ခ်က္ေတြနဲ႔ စေနာက္ခဲ့ၾကပါတယ္ ။
အိမ္ေထာင္သက္ (၁၄) ႏွစ္ျပည့္စဥ္ကလည္း ကေလးသုံးေယာက္ နဲ႔သာယာတဲ့အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ထားေပမယ့္ ၾကည္လဲ့လဲ့ဦးကိုခ်စ္ခဲ့တာ မေန႔တစ္ေန႔ကလို ထင္ေနတုန္းပဲလို႔ ေျပာခဲ့တဲ့ ဇာနည္ဟာ အခု အိမ္ေထာင္သက္ (၁၆) ႏွစ္ျပည့္တဲ့ထိ ဇနီးေပၚမွာ တစ္စက္မွ မေလ်ာ့တဲ့အခ်စ္ေတြနဲ႔ အဆေပါင္းမ်ားစြာ ပိုခ်စ္တဲ့အေၾကာင္းကို ဒီပို႔စ္ေလးနဲ႔သက္ေသျပခဲ့တာပါ ပရိသတ္ႀကီးေရ ..။
Source: Zarni Htay
———–
တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ကြည်လဲ့လဲ့ဦးနဲ့ ဇာနည်တို့ဟာ ယခုအချိန်မှာတော့ အိမ်ထောင်သက်တမ်း (၁၆) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဇာနည်နဲ့ သားသမီးတွေအတွက် အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ် ရပ်တည်နေခဲ့တဲ့ ကြည်လဲ့လဲ့ဦးဟာလည်း မိသားစုကသာ ပထမဦးဆုံးအရေးကြီးဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ကိုင်တာလျော့နည်းသွားပြီးတော့ မလုပ်တော့သလောက်ဖြစ်ခဲ့တဲ့ ကြည်လဲ့လဲ့ဦးနဲ့ ဇာနည်တို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ယခုဆိုရင်တော့ (၁၆) နှစ်ကျော်လာခဲ့ပါပြီ။ (၁၄) နှစ်အတွင်းမှာလည်း သားသမီး (၃) ဦးထွန်းကားခဲ့ပြီးတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးနဲ့ သာမာန်မိသားစုအသွင် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
ခင်ပွန်းသည်ရဲ့ အလိုလိုက်ခြင်း၊ ချစ်ခင်ခြင်းတွေကို အပြည့်အဝရရှိထားတဲ့ ကြည်လဲ့လဲ့ဦးဟာ သစ္စာတရားတွေကိုပါ အပိုထပ်ဆောင်းအနေနဲ့ရရှိခဲ့ပြန်ပါသေးတယ်။ မင်္ဂလာသက်တမ်း (၁၆) နှစ်ကျော်လာပြီးနောက်မှာတော့ ခင်ပွန်းသည်ဖြစ်သူ ဇာနည်က ဇနီးသည်အပေါ် ဘယ်လောက်သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။ ကျောချင်းကပ်ပြီး ထိုင်နေရင်တောင်…သူ့မျက်နှာမမြင်ရလို့ လွမ်းနေတတ်တာမျိုး ဆိုတဲ့ စာသားလေးကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပြီး အနုပညာ ညီအစ်ကိုမောင်နှမတွေကတော့ ကြည်လဲ့လဲ့ဦးကိုချုပ်နေပြီဆိုတဲ့ မှတ်ချက်တွေနဲ့ စနောက်ခဲ့ကြပါတယ် ။
အိမ်ထောင်သက် (၁၄) နှစ်ပြည့်စဉ်ကလည်း ကလေးသုံးယောက် နဲ့သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပေမယ့် ကြည်လဲ့လဲ့ဦးကိုချစ်ခဲ့တာ မနေ့တစ်နေ့ကလို ထင်နေတုန်းပဲလို့ ပြောခဲ့တဲ့ ဇာနည်ဟာ အခု အိမ်ထောင်သက် (၁၆) နှစ်ပြည့်တဲ့ထိ ဇနီးပေါ်မှာ တစ်စက်မှ မလျော့တဲ့အချစ်တွေနဲ့ အဆပေါင်းများစွာ ပိုချစ်တဲ့အကြောင်းကို ဒီပို့စ်လေးနဲ့သက်သေပြခဲ့တာပါ ပရိသတ်ကြီးရေ ..။
Source: Zarni Htay
Be the first to comment on "ၾကည္လဲ့လဲ့ဦးကို ေက်ာခ်င္းကပ္ထိုင္ေနတာေတာင္ လြမ္းတယ္ဆိုတဲ့ ဇာနည္"