မႏၲေလးမွာေလာ့ေဒါင္းခ်ေတာ့ လူညီတယ္ လိုက္နာက်တယ္ဆိုေတာ့.. ရန္ကုန္ကေရာ မလိုက္နာဖူးဘူးလား.. လိုက္နာဖူးတာေပါ့ .. ။ တစ္ခါမဟုတ္ဘူး ႏွစ္ခါမဟုတ္ဘူး ..
ဒါေပမဲ့ ခဏခဏ ေျပာင္းလဲတဲ့ အမိန္႔ေတြရယ္ .. အျခားျခားေသာ ကိစၥေတြ ပြဲလမ္းေတြရယ္ နဲ႔ပဲ ပိတ္သာပိတ္ရတယ္.. ကူးစက္ဦးေရကမက် .. အလုပ္က ပိတ္ရမလား ဖြင့္ရမွာလားမသိၾကေတာ့ ဘူး ..။ ဒါနဲ႔ပဲ အခ်ိန္ၾကာရွည္လာၿပီး.. ဘာမွမထူးမွန္းသိေတာ့ စားဝတ္ေနေရးအတြက္ ထြက္ၾကရေတာ့တာပဲ .. ။
အရင္က ကူးစက္သူ ဆယ္ခ်ီရင္ ေၾကာက္ၾကတယ္.. ရာခ်ီလာေတာ့ တုန္လႈပ္ၾကျပန္ေရာ အခုမ်ားေတာ့ ေထာင္ေက်ာ္လဲ ကိုယ္နဲ႔မဆိုင္သလိုပဲ ေနၾကေတာ့တာ.. ျမင္ပါမ်ားေတာ့ အေကာင္ႀကီးမႀကီးေတာ့သလိုပဲ.. ။
ဘာလို႔လဲဆိုေတာ့ lock down လုပ္လဲ ကိုယ့္စားဝတ္ေနေရးက်ပ္တည္းတာ ကလြဲၿပီး ထူးျခားၿပီးဘာမွ မျဖစ္လာလို႔ပါ။
ေျဖေလ်ာ့မႈေပါင္းမ်ားစြာနဲ႔ fully lock down မလုပ္ရင္ မထူးျခားပါဘူး.. ။ လုပ္ျပန္ရင္လဲ ငတ္မွာစိုးလို႔မလိုက္နာခ်င္ၾကေတာ့ဘူး .. အမွန္က second wave (ရခိုင္ေက့စ္) စကတည္း fully locked လုပ္ပစ္ခဲ့ရင္ေတာ့ တမ်ိဳးေပါ့။ အခုမွေတာ့ မရေတာ့ပါဘူး.. ေၾကာက္လဲမေၾကာက္ေတာ့ပါဘူး .. ေနာက္ဆုံးတိုက္ပြဲဆိုတာကလဲ ရႈံးပါတယ္.. တဲ့။
(ကြၽန္ေတာ္အျမင္) အေကာင္းဆုံးကေတာ့ .. lock down လဲမခ်နဲ႔ေတာ့ Q လဲ သြင္းမေနနဲ႔ေတာ့ ..၊ P ျဖစ္လဲ ေဆး႐ုံေခၚမေနနဲ႔ေတာ့ (အသက္႐ူခက္ခဲျပင္းထန္ေသာ လူနာမ်ားမပါ) .. ။ သာမန္ တုတ္ေကြး သေဘာထားၿပီး new normal နဲ႔ အဆင္ေျပေအာင္သာေနခိုင္းမွ ရေတာ့မယ္ .. ကာကြယ္ေဆး မေရာက္လာခင္ အထိေပါ့ .. ။
ကုန္က်စရိတ္ေတြကလဲ ပ်မ္းမွ်ဆိုေပမဲ့ အမ်ားသားမလား.. ကာကြယ္ေဆးေရာက္လာမွ .. အစီအစဥ္ဆြဲထားတဲ့အတိုင္းလုပ္ေပါ့ .. ။
ႏို႔မဟုတ္ရင္ေတာ့ အမိန္႔ေတြထုတ္လဲ ဘာမွမျဖစ္လာပဲ .. စီးပြါးေရးေတြသာက်ပ္တည္းလာၾကေတာ့မွာပါ။ ေရတက္ငါးစင္႐ိုင္း မႏၲေလးကေတာ့ အခုခ်ိန္မွာ အနားရလို႔ အိမ္ထဲမွာ ခဏေပ်ာ္ေနၾကဦးမွာပါ ။
(စိုးဝဏၰ)
————
မန္တလေးမှာလော့ဒေါင်းချတော့ လူညီတယ် လိုက်နာကျတယ်ဆိုတော့.. ရန်ကုန်ကရော မလိုက်နာဖူးဘူးလား.. လိုက်နာဖူးတာပေါ့ .. ။ တစ်ခါမဟုတ်ဘူး နှစ်ခါမဟုတ်ဘူး ..
ဒါပေမဲ့ ခဏခဏ ပြောင်းလဲတဲ့ အမိန့်တွေရယ် .. အခြားခြားသော ကိစ္စတွေ ပွဲလမ်းတွေရယ် နဲ့ပဲ ပိတ်သာပိတ်ရတယ်.. ကူးစက်ဦးရေကမကျ .. အလုပ်က ပိတ်ရမလား ဖွင့်ရမှာလားမသိကြတော့ ဘူး ..။ ဒါနဲ့ပဲ အချိန်ကြာရှည်လာပြီး.. ဘာမှမထူးမှန်းသိတော့ စားဝတ်နေရေးအတွက် ထွက်ကြရတော့တာပဲ .. ။
အရင်က ကူးစက်သူ ဆယ်ချီရင် ကြောက်ကြတယ်.. ရာချီလာတော့ တုန်လှုပ်ကြပြန်ရော အခုများတော့ ထောင်ကျော်လဲ ကိုယ်နဲ့မဆိုင်သလိုပဲ နေကြတော့တာ.. မြင်ပါများတော့ အကောင်ကြီးမကြီးတော့သလိုပဲ.. ။
ဘာလို့လဲဆိုတော့ lock down လုပ်လဲ ကိုယ့်စားဝတ်နေရေးကျပ်တည်းတာ ကလွဲပြီး ထူးခြားပြီးဘာမှ မဖြစ်လာလို့ပါ။
ဖြေလျော့မှုပေါင်းများစွာနဲ့ fully lock down မလုပ်ရင် မထူးခြားပါဘူး.. ။ လုပ်ပြန်ရင်လဲ ငတ်မှာစိုးလို့မလိုက်နာချင်ကြတော့ဘူး .. အမှန်က second wave (ရခိုင်ကေ့စ်) စကတည်း fully locked လုပ်ပစ်ခဲ့ရင်တော့ တမျိုးပေါ့။ အခုမှတော့ မရတော့ပါဘူး.. ကြောက်လဲမကြောက်တော့ပါဘူး .. နောက်ဆုံးတိုက်ပွဲဆိုတာကလဲ ရှုံးပါတယ်.. တဲ့။
(ကျွန်တော်အမြင်) အကောင်းဆုံးကတော့ .. lock down လဲမချနဲ့တော့ Q လဲ သွင်းမနေနဲ့တော့ ..၊ P ဖြစ်လဲ ဆေးရုံခေါ်မနေနဲ့တော့ (အသက်ရူခက်ခဲပြင်းထန်သော လူနာများမပါ) .. ။ သာမန် တုတ်ကွေး သဘောထားပြီး new normal နဲ့ အဆင်ပြေအောင်သာနေခိုင်းမှ ရတော့မယ် .. ကာကွယ်ဆေး မရောက်လာခင် အထိပေါ့ .. ။
ကုန်ကျစရိတ်တွေကလဲ ပျမ်းမျှဆိုပေမဲ့ အများသားမလား.. ကာကွယ်ဆေးရောက်လာမှ .. အစီအစဉ်ဆွဲထားတဲ့အတိုင်းလုပ်ပေါ့ .. ။
နို့မဟုတ်ရင်တော့ အမိန့်တွေထုတ်လဲ ဘာမှမဖြစ်လာပဲ .. စီးပွါးရေးတွေသာကျပ်တည်းလာကြတော့မှာပါ။ ရေတက်ငါးစင်ရိုင်း မန္တလေးကတော့ အခုချိန်မှာ အနားရလို့ အိမ်ထဲမှာ ခဏပျော်နေကြဦးမှာပါ ။
(စိုးဝဏ္ဏ)
Be the first to comment on "မန္တလေး ၊ ရန်ကုန် လော့ဒေါင်း နဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်"