တစ္လကို စတာလင္ေပါင္ ၅၀၀ေလာက္သာရရွိတဲ့ ထိုင္းတံငါသည္ဦးႀကီးတစ္ေယာက္ကေတာ့ ေပါင္ ၂.၄သန္းတန္တဲ့ ကမာၻ႔အႀကီးဆုံး ငါးႀကီးအန္ဖတ္ကို ကံေကာင္းစြာရွာေဖြေတြ႕ရွိခဲ့ပါတယ္။
ေဒၚလာအားျဖင့္ဆိုရင္ေတာ့ (၃၁၉၀၀၀၀)ေဒၚလာ ဝန္းက်င္ ရွိပါတယ္။ ငါးႀကီးအန္ဖက္ဟာ ညႇီစိုစို အနံ႔ရွိၿပီး ကမာၻေက်ာ္ေရေမႊးေတြဟာ ငါးႀကီးအန္ဖက္နဲ႔ ထုတ္လုပ္ၾကလို႔ ယင္းေရေမႊးမ်ိဳးကလည္း ပုလင္းေသးေသး တစ္ပုလင္းကိုပင္ ေပါင္ ေသာင္းေက်ာ္ တန္တာမ်ိဳး ရွိတတ္ပါတယ္။
ဒါေၾကာင့္လည္း ဒီငါးႀကီးအန္ဖတ္ေတြက တန္ဖိုးႀကီးလြန္းတာေၾကာင့္ ငါးႀကီးအန္ဖတ္ကို “ေရေပၚမွာ ေပါေလာေပၚေနတဲ့ ေ႐ႊမ်ား (သို႔) ပင္လယ္ရတနာမ်ားဆိုၿပီး တင္စားၾကပါတယ္။
သူကေတာ့ ေပါင္ခ်ိန္ (၂၂၀)အေလးခ်ိန္ရွိ ငါးႀကီးအန္ဖက္ ဧရာမအတုံးအခဲႀကီးကို ကံေကာင္းစြာ ရရွိခဲ့တာပါ။ ကီလိုဂရမ္အရဆိုရင္ေတာ့ (၁၀၀)ကီလိုဂရမ္နီးပါး ျဖစ္ပါတယ္။
ကံထူးခဲ့တဲ့ ထိုင္းတံအဖိုးအိုရဲ႕အမည္မွာ Naris Suwannasang ျဖစ္ၿပီး အသက္(၆၀)ႏွစ္ရွိပါတယ္။ Nakhon Si Thammarat ကမ္းေျခတစ္ေလွ်ာက္မွာ လမ္းေလွ်ာက္စဥ္ ဒီဝါညစ္ညစ္ အတုံးႀကီးကို ေကာက္ေတြ႕ခဲ့တာပါ။ ငါးႀကီးအန္ဖက္ဆိုတာ ေဝလငါးရဲ႕ အန္ဖက္ျဖစ္ၿပီး၊ ဖေယာင္းကဲ့သို႔ အစိုင္အခဲမ်ိဳး ျဖစ္ပါတယ္။ ငါးႀကီးအန္ဖက္ကို Ambergris လို႔လည္းေခၚပါတယ္။
အမ်ားအားျဖင့္ေတာ့ ေရထဲကေန ေမ်ာလာတဲ့ ငါးႀကီးအန္ဖက္ထက္၊ ကုန္းေျမေသာင္စပ္မွာ တင္ေနတဲ့ ငါးႀကီးအန္ဖက္မ်ိဳးကို ေတြ႕ရမ်ားေလ့ရွိၿပီး၊ ဗဟုသုတမရွိသူေတြကေတာ့ ဆပ္ျပာအ႐ိုင္းတုံးနဲ႔ မွားတတ္ၾကပါတယ္။ Naris ကေတာ့ ခ်က္ခ်င္းပဲ ဒီအရာကို တန္ဖိုးႀကီးတဲ့အရာမွန္း သိၿပီး၊ တူျဖစ္သူကို ေခၚကာ အိမ္ကို အျမန္သယ္လာခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ငါးႀကီးအန္ဖက္ကို ခ်ိန္တြယ္ၾကည့္တဲ့အခါ အေလးခ်ိန္ ေပါင္(၂၂၀)အထိရွိၿပီး၊ ေလာေလာဆယ္ေတာ့ ထိုင္းကုန္သည္တစ္ဦးက တစ္ကီလိုအတြက္ ထိုင္းဘက္ (၉၆၀၀၀၀)အထိေပးၿပီး ကမ္းလွမ္းထားပါတယ္။
ျမန္မာေငြနဲ႔ ပွ်မ္းမွ်တြက္ၾကည့္ရင္ က်ပ္ သိန္းေပါင္း ၄၁,၄၇၀ ရွိပါတယ္။ သိန္း ၁၅၀၀၀ ထီဆုႀကီး ၃ခါေပါက္သလိုပါပဲ။ ဒီေတာ့ ကမ္းစပ္ေရာက္လို႔ ဒီလိုဝါညစ္ညစ္အတုံးႀကီးေတြရင္ မေရွာင္ထြက္သြားပဲ အိမ္ကိုသာအျမန္သယ္သြားပါလို႔ အႀကံေပးခ်င္ပါတယ္။
———-
တစ်လကို စတာလင်ပေါင် ၅၀၀လောက်သာရရှိတဲ့ ထိုင်းတံငါသည်ဦးကြီးတစ်ယောက်ကတော့ ပေါင် ၂.၄သန်းတန်တဲ့ ကမ္ဘာ့အကြီးဆုံး ငါးကြီးအန်ဖတ်ကို ကံကောင်းစွာရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒေါ်လာအားဖြင့်ဆိုရင်တော့ (၃၁၉၀၀၀၀)ဒေါ်လာ ဝန်းကျင် ရှိပါတယ်။ ငါးကြီးအန်ဖက်ဟာ ညှီစိုစို အနံ့ရှိပြီး ကမ္ဘာကျော်ရေမွှေးတွေဟာ ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ကြလို့ ယင်းရေမွှေးမျိုးကလည်း ပုလင်းသေးသေး တစ်ပုလင်းကိုပင် ပေါင် သောင်းကျော် တန်တာမျိုး ရှိတတ်ပါတယ်။
ဒါကြောင့်လည်း ဒီငါးကြီးအန်ဖတ်တွေက တန်ဖိုးကြီးလွန်းတာကြောင့် ငါးကြီးအန်ဖတ်ကို “ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရွှေများ (သို့) ပင်လယ်ရတနာများဆိုပြီး တင်စားကြပါတယ်။
သူကတော့ ပေါင်ချိန် (၂၂၀)အလေးချိန်ရှိ ငါးကြီးအန်ဖက် ဧရာမအတုံးအခဲကြီးကို ကံကောင်းစွာ ရရှိခဲ့တာပါ။ ကီလိုဂရမ်အရဆိုရင်တော့ (၁၀၀)ကီလိုဂရမ်နီးပါး ဖြစ်ပါတယ်။
ကံထူးခဲ့တဲ့ ထိုင်းတံအဖိုးအိုရဲ့အမည်မှာ Naris Suwannasang ဖြစ်ပြီး အသက်(၆၀)နှစ်ရှိပါတယ်။ Nakhon Si Thammarat ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်စဉ် ဒီဝါညစ်ညစ် အတုံးကြီးကို ကောက်တွေ့ခဲ့တာပါ။ ငါးကြီးအန်ဖက်ဆိုတာ ဝေလငါးရဲ့ အန်ဖက်ဖြစ်ပြီး၊ ဖယောင်းကဲ့သို့ အစိုင်အခဲမျိုး ဖြစ်ပါတယ်။ ငါးကြီးအန်ဖက်ကို Ambergris လို့လည်းခေါ်ပါတယ်။
အများအားဖြင့်တော့ ရေထဲကနေ မျောလာတဲ့ ငါးကြီးအန်ဖက်ထက်၊ ကုန်းမြေသောင်စပ်မှာ တင်နေတဲ့ ငါးကြီးအန်ဖက်မျိုးကို တွေ့ရများလေ့ရှိပြီး၊ ဗဟုသုတမရှိသူတွေကတော့ ဆပ်ပြာအရိုင်းတုံးနဲ့ မှားတတ်ကြပါတယ်။ Naris ကတော့ ချက်ချင်းပဲ ဒီအရာကို တန်ဖိုးကြီးတဲ့အရာမှန်း သိပြီး၊ တူဖြစ်သူကို ခေါ်ကာ အိမ်ကို အမြန်သယ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ငါးကြီးအန်ဖက်ကို ချိန်တွယ်ကြည့်တဲ့အခါ အလေးချိန် ပေါင်(၂၂၀)အထိရှိပြီး၊ လောလောဆယ်တော့ ထိုင်းကုန်သည်တစ်ဦးက တစ်ကီလိုအတွက် ထိုင်းဘက် (၉၆၀၀၀၀)အထိပေးပြီး ကမ်းလှမ်းထားပါတယ်။
မြန်မာငွေနဲ့ ပျှမ်းမျှတွက်ကြည့်ရင် ကျပ် သိန်းပေါင်း ၄၁,၄၇၀ ရှိပါတယ်။ သိန်း ၁၅၀၀၀ ထီဆုကြီး ၃ခါပေါက်သလိုပါပဲ။ ဒီတော့ ကမ်းစပ်ရောက်လို့ ဒီလိုဝါညစ်ညစ်အတုံးကြီးတွေရင် မရှောင်ထွက်သွားပဲ အိမ်ကိုသာအမြန်သယ်သွားပါလို့ အကြံပေးချင်ပါတယ်။
Be the first to comment on "ငါးကြီးအန်ဖတ်ကနေ ကျပ်သိန်းပေါင်း ၄၁,၀၀၀ ကျော် ကံထူးခဲ့တဲ့ တံငါသည်ကြီး"