ရန္ကုန္တြင္ ကိုဗစ္ကို ထိန္းခ်ဳပ္နိုင္ရန္ အခ်ိန္ ၂ ပတ္သာ လိုအပ္ဟု လူမွုေရးဝန္ႀကီး ေျပာ
ရန္ကုန္တိုင္းအတြင္း ကိုဗစ္ ေရာဂါျပန႔္ပြားမွုကို အမွန္တကယ္ ထိန္းခ်ဳပ္နိုင္ဖို႔ အခ်ိန္ႏွစ္ပတ္သာလိုတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမွုေရးဝန္ႀကီး ဦးနိုင္ငံလင္းက ေျပာပါတယ္။ ျပည္သူလူထုအေနနဲ႔ ႏွစ္ပတ္အတြင္းအိမ္ထဲမွာေနပါက ေရာဂါျပန႔္ပြား မွုကို ထိန္းခ်ဳပ္နိုင္မွာျဖစ္တယ္လို႔ ဦးနိုင္ငံလင္းက အခုလိုေျပာပါတယ္။
“တကယ္ထိန္းခ်ဳပ္မယ္ဆိုရင္ ႏွစ္ပတ္ပဲလိုတယ္။ အဲဒီႏွစ္ပတ္အတြင္းမွာ အိမ္ထဲမွာဘဲေနလိုက္ ဘာမွမျဖစ္ေတာ့ဘူး။ လူတိုင္းသိနိုင္တဲ့ ကိစၥတစ္ခုရွိတယ္။ သၾကၤန္မွာ ကၽြန္ေတာ္တို႔ေတြ တစ္ေယာက္မွအျပင္ မထြက္ဘဲ လမ္းေတြမွာ ဘာကားမွမရွိဘဲ ေနလိုက္တာ ကၽြန္ေတာ္တို႔ ပထမလွိုင္း (First wave) ေကာင္းေကာင္းေက်ာ္လႊားနိုင္ပါတယ္။ အခု ဒုတိယလွိုင္းမွာလည္း ျပည္သူလူထုက အိမ္ထဲမွာဘဲေန ႏွစ္ပတ္ပဲေန အဲဒါတစ္ခ်ိဳ႕ကလည္းေျပာပါတယ္ အစိုးရက ထုတ္ပါလားေပါ့ ညႊန္ၾကားခ်က္ အစိုးရဆိုတာကလည္း စားဝတ္ေနေရးကို ၾကည့္ရေသးတယ္။
ကၽြန္ေတာ္တို႔ ေလၽွာက္လွမ္းေနတဲ့ ကိုဗစ္ ကာကြယ္ေရးလမ္းေၾကာင္းဟာ ကၽြန္ေတာ္တို႔က စားဝတ္ေနေရးနဲ႔ ထိန္းခ်ဳပ္ေရးကို ဒြန္တြဲၿပီးေတာ့ ခ်ိန္ညႇိၿပီးသြားရတာ ျပည္သူေတြ ဘာဘဲျဖစ္ျဖစ္ စားဝတ္ေနေရးအတြက္ ငတ္ျပတ္ေနတဲ့ အေျခအေန ေတြရွိလာတာကို ကၽြန္ေတာ္တို႔ၾကားေနရတယ္။ အဲဒါ ကၽြန္ေတာ္တို႔ စိတ္မေကာင္ဘူး။ အဲေတာ့ ကၽြန္ေတာ္တို႔မွာ အဲလိုသြားရတဲ့အတြက္ ေၾကာင့္မို႔လို႔ အတတ္နိုင္ဆုံးအျပင္ထြက္ဖို႔ လိုအပ္လို႔ အျပင္ထြက္ဖို႔ လိုအပ္တယ္။ အျပင္မထြက္လို႔ မရေတာ့ဘူးဆိုမွ ထြက္ပါ။ ထြက္တဲ့ အခါက်ရင္ Mask ကို လုံလုံျခဳံျခဳံတပ္ပါ။ ေနာက္ေတာ့ ျပန္လာလို႔ရွိရင္ လက္ေဆးပါ။ ဒါအမ်ားႀကီး ကၽြန္ေတာ္တို႔ ညႊန္ၾကားခ်က္ေတြထုတ္ ထားတာရွိတယ္။ အဲဒါေတြကိုလိုက္နာေပးပါ။ အဲဒါဆိုရင္ အျမန္ဆုံး ထိန္းခ်ဳပ္နိုင္မွာပါ” လို႔ ဦးနိုင္ငံလင္းကေျပာပါတယ္။
လက္ရွိမွာေတာ့ ရန္ကုန္တိုင္းအတြင္းမွာ ေရာဂါပိုးကူးစက္ႏွုန္းဟာ ဆက္လက္ျမင့္တက္လ်က္ရွိေနပါတယ္။ ေရာဂါကုသေရးအပိုင္းမွ ာနိုင္နိုင္နင္းနင္းလုပ္နိုင္ေပမယ့္ ကာကြယ္ထိန္း ခ်ဳပ္ေရးမွာ အခက္အခဲရွိတာေၾကာင့္ ျပည္သူလူထုအေနနဲ႔ အျပည့္အဝ ပူးေပါင္း ပါဝင္ဖို႔လိုတယ္လို႔ ဦးနိုင္ငံလင္းက အခုလိုဆက္ေျပာပါတယ္။
“အဓိကအခက္အခဲက ဘာလဲဆိုရင္ ျပည္သူလူထုရဲ့ ပူးေပါင္းပါဝင္မွု ျပည္သူလူထုက အမ်ားျပည္သူသြားတဲ့ေနရာေတြ လူစုလူေဝး ျဖစ္တဲ့ ေနရာေတြ မသြားနဲ႔ဆို သြားတယ္။ Mask တပ္ဆိုရင္ Mask ကို လုံလုံျခဳံ ျခဳံမတပ္ဘူး။ ဒါမ်ိဳးေတြေပါ့။ အဲဒါကျပည္သူလူထုကို အျပစ္ေျပာ တာမဟုတ္ဘူး။ အဲလိုမ်ိဳးျဖစ္ေနမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔မွာ အခက္အခဲရွိတယ္။ ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္ရခက္ခဲတယ္။
ျပည္သူလူထု ပူးေပါင္းပါဝင္မွုအျပည္ရွိရင္ ကၽြန္ေတာ္တို႔လည္း ထိန္းခ်ဳပ္မွုအျပည့္ရနိုင္ တယ္။ အဲေတာ့ ကၽြန္ေတာ္တို႔ အရင္တုန္းက Second wave ကို နိုင္နိုင္နင္းနင္း ထိန္းနိုင္တယ္ အခုလည္း ကၽြန္ေတာ္တို႔ ထိန္းတယ္ မထိန္းနိုင္ဘူးလို႔မေျပာဘူး ထိန္းနိုင္တယ္။ ဒါေပမယ့္ ျပည္သူလူထုက ပိုၿပီးေတာ့ ၾကပ္ၾကပ္မတ္မတ္ေလး ျပည္သူလူထုက ဂ႐ုစိုက္ၿပီးေတာ့ လုပ္မယ္ဆိုလို႔ရွိရင္ ကၽြန္ေတာ္တို႔ကပိုၿပီး ထိန္းနိုင္မယ္” လို႔ ဦးနိုင္ငံလင္းကေျပာပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ့ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရ ျမန္မာ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ေရာဂါပိုးကူးစက္ခံထားရသူ ကိုးေသာင္း သုံးေထာင္ေက်ာ္ရွိေနၿပီး ရန္ကုန္တိုင္းဟာ ပိုးကူးစက္ႏွုန္းအမ်ားဆုံးျဖစ္ ေနပါတယ္။
———–
ရန်ကုန်တွင် ကိုဗစ်ကို ထိန်းချုပ်နိုင်ရန် အချိန် ၂ ပတ်သာ လိုအပ်ဟု လူမှုရေးဝန်ကြီး ပြော
ရန်ကုန်တိုင်းအတွင်း ကိုဗစ် ရောဂါပြန့်ပွားမှုကို အမှန်တကယ် ထိန်းချုပ်နိုင်ဖို့ အချိန်နှစ်ပတ်သာလိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ ပြည်သူလူထုအနေနဲ့ နှစ်ပတ်အတွင်းအိမ်ထဲမှာနေပါက ရောဂါပြန့်ပွား မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဦးနိုင်ငံလင်းက အခုလိုပြောပါတယ်။
“တကယ်ထိန်းချုပ်မယ်ဆိုရင် နှစ်ပတ်ပဲလိုတယ်။ အဲဒီနှစ်ပတ်အတွင်းမှာ အိမ်ထဲမှာဘဲနေလိုက် ဘာမှမဖြစ်တော့ဘူး။ လူတိုင်းသိနိုင်တဲ့ ကိစ္စတစ်ခုရှိတယ်။ သင်္ကြန်မှာ ကျွန်တော်တို့တွေ တစ်ယောက်မှအပြင် မထွက်ဘဲ လမ်းတွေမှာ ဘာကားမှမရှိဘဲ နေလိုက်တာ ကျွန်တော်တို့ ပထမလှိုင်း (First wave) ကောင်းကောင်းကျော်လွှားနိုင်ပါတယ်။ အခု ဒုတိယလှိုင်းမှာလည်း ပြည်သူလူထုက အိမ်ထဲမှာဘဲနေ နှစ်ပတ်ပဲနေ အဲဒါတစ်ချို့ကလည်းပြောပါတယ် အစိုးရက ထုတ်ပါလားပေါ့ ညွှန်ကြားချက် အစိုးရဆိုတာကလည်း စားဝတ်နေရေးကို ကြည့်ရသေးတယ်။
ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ကိုဗစ် ကာကွယ်ရေးလမ်းကြောင်းဟာ ကျွန်တော်တို့က စားဝတ်နေရေးနဲ့ ထိန်းချုပ်ရေးကို ဒွန်တွဲပြီးတော့ ချိန်ညှိပြီးသွားရတာ ပြည်သူတွေ ဘာဘဲဖြစ်ဖြစ် စားဝတ်နေရေးအတွက် ငတ်ပြတ်နေတဲ့ အခြေအနေ တွေရှိလာတာကို ကျွန်တော်တို့ကြားနေရတယ်။ အဲဒါ ကျွန်တော်တို့ စိတ်မကောင်ဘူး။ အဲတော့ ကျွန်တော်တို့မှာ အဲလိုသွားရတဲ့အတွက် ကြောင့်မို့လို့ အတတ်နိုင်ဆုံးအပြင်ထွက်ဖို့ လိုအပ်လို့ အပြင်ထွက်ဖို့ လိုအပ်တယ်။ အပြင်မထွက်လို့ မရတော့ဘူးဆိုမှ ထွက်ပါ။ ထွက်တဲ့ အခါကျရင် Mask ကို လုံလုံခြုံခြုံတပ်ပါ။ နောက်တော့ ပြန်လာလို့ရှိရင် လက်ဆေးပါ။ ဒါအများကြီး ကျွန်တော်တို့ ညွှန်ကြားချက်တွေထုတ် ထားတာရှိတယ်။ အဲဒါတွေကိုလိုက်နာပေးပါ။ အဲဒါဆိုရင် အမြန်ဆုံး ထိန်းချုပ်နိုင်မှာပါ” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းမှာ ရောဂါပိုးကူးစက်နှုန်းဟာ ဆက်လက်မြင့်တက်လျက်ရှိနေပါတယ်။ ရောဂါကုသရေးအပိုင်းမှ ာနိုင်နိုင်နင်းနင်းလုပ်နိုင်ပေမယ့် ကာကွယ်ထိန်း ချုပ်ရေးမှာ အခက်အခဲရှိတာကြောင့် ပြည်သူလူထုအနေနဲ့ အပြည့်အဝ ပူးပေါင်း ပါဝင်ဖို့လိုတယ်လို့ ဦးနိုင်ငံလင်းက အခုလိုဆက်ပြောပါတယ်။
“အဓိကအခက်အခဲက ဘာလဲဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ပြည်သူလူထုက အများပြည်သူသွားတဲ့နေရာတွေ လူစုလူဝေး ဖြစ်တဲ့ နေရာတွေ မသွားနဲ့ဆို သွားတယ်။ Mask တပ်ဆိုရင် Mask ကို လုံလုံခြုံ ခြုံမတပ်ဘူး။ ဒါမျိုးတွေပေါ့။ အဲဒါကပြည်သူလူထုကို အပြစ်ပြော တာမဟုတ်ဘူး။ အဲလိုမျိုးဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ ကျွန်တော်တို့ ထိန်းချုပ်ရခက်ခဲတယ်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှုအပြည်ရှိရင် ကျွန်တော်တို့လည်း ထိန်းချုပ်မှုအပြည့်ရနိုင် တယ်။ အဲတော့ ကျွန်တော်တို့ အရင်တုန်းက Second wave ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်တယ် အခုလည်း ကျွန်တော်တို့ ထိန်းတယ် မထိန်းနိုင်ဘူးလို့မပြောဘူး ထိန်းနိုင်တယ်။ ဒါပေမယ့် ပြည်သူလူထုက ပိုပြီးတော့ ကြပ်ကြပ်မတ်မတ်လေး ပြည်သူလူထုက ဂရုစိုက်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကပိုပြီး ထိန်းနိုင်မယ်” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါပိုးကူးစက်ခံထားရသူ ကိုးသောင်း သုံးထောင်ကျော်ရှိနေပြီး ရန်ကုန်တိုင်းဟာ ပိုးကူးစက်နှုန်းအများဆုံးဖြစ် နေပါတယ်။
Be the first to comment on "ရန်ကုန်တွင် ကိုဗစ်ကို ထိန်းချုပ်နိုင်ရန် အချိန် ၂ ပတ်သာ လိုအပ်ဟု လူမှုရေးဝန်ကြီး ပြော"