ထုတ္ယူျခင္းခံရသည့္ ေငြမ်ားအား Wave Money မွ အသုံးျပဳသူမ်ားထံသို႔ အလိုအေလ်ာက္ျပန္လည္ျဖည့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သတင္းထုတ္ျပန္သည္။
လြန္ခဲ့ေသာရက္အတြင္း Wave Money ၏ လုံၿခဳံေရးစနစ္မွ ေတြ႕ရွိခ်က္အရ အနည္းငယ္ေသာ WavePay အေကာင့္တို႔သည္ အေကာင့္အသုံးျပဳသူတို႔၏ ခြင့္ျပဳခ်က္မပါဘဲ ေငြမ်ားထုတ္ယူျခင္းခံခဲ့ရေၾကာင္း၊ Wave Money အေနျဖင့္ ဆုံးရႈံးနစ္နာခဲ့ရေသာ အဆိုပါအေကာင့္အနည္းငယ္ကို ျပန္လည္ျပဳျပင္ၿပီး ထိုျဖစ္စဥ္မွ ထိခိုက္နစ္နာမႈရွိခဲ့သူအားလုံးကို ေတာင္းပန္ခဲ့ၿပီးျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
လက္ရွိျဖစ္ေပၚလ်က္ရွိေသာ နည္းပညာဆိုင္ရာအခက္အခဲအတြက္ အေျဖရရွိရန္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း၊ ဥပေဒေရးရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ လိုအပ္သည္မ်ားအား စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ Wave Money အေနျဖင့္ လုံၿခဳံေရးကို အလြန္အေလးအနက္ထား ေဆာင္႐ြက္လ်က္ရွိသည္ႏွင့္အမွ် ယင္းတို႔၏ နည္းပညာထိန္းခ်ဳပ္မႈမ်ားမွတစ္ဆင့္ ျဖစ္ေပၚလ်က္ရွိသာ နည္းပညာဆိုင္ရာ အခက္အခဲမ်ားကို အျခားေသာ သုံးစြဲသူမ်ားထံသို႔ သက္ေရာက္မႈမရွိေစရန္ လ်င္ျမန္စြာျဖင့္ ေျဖရွင္းေဆာင္႐ြက္ႏိုင္ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါအေၾကာင္းအရာႏွင့္ ပတ္သက္၍ Wave Money အေနျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ အေၾကာင္းၾကား တင္ျပထားၿပီးျဖစ္ကာ ျမန္မာႏိုင္ငံ၏ ယုံၾကည္စိတ္ခ်ရေသာ မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈ တစ္ခုအေနျဖင့္ ရွိသင့္ရွိထိုက္ေသာ တာဝန္ယူမႈႏွင့္ လုံၿခဳံစိတ္ခ်ရေသာ စံႏႈန္းမ်ားျဖင့္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။
———-
ထုတ်ယူခြင်းခံရသည့် ငွေများအား Wave Money မှ အသုံးပြုသူများထံသို့ အလိုအလျောက်ပြန်လည်ဖြည့်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
လွန်ခဲ့သောရက်အတွင်း Wave Money ၏ လုံခြုံရေးစနစ်မှ တွေ့ရှိချက်အရ အနည်းငယ်သော WavePay အကောင့်တို့သည် အကောင့်အသုံးပြုသူတို့၏ ခွင့်ပြုချက်မပါဘဲ ငွေများထုတ်ယူခြင်းခံခဲ့ရကြောင်း၊ Wave Money အနေဖြင့် ဆုံးရှုံးနစ်နာခဲ့ရသော အဆိုပါအကောင့်အနည်းငယ်ကို ပြန်လည်ပြုပြင်ပြီး ထိုဖြစ်စဉ်မှ ထိခိုက်နစ်နာမှုရှိခဲ့သူအားလုံးကို တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိဖြစ်ပေါ်လျက်ရှိသော နည်းပညာဆိုင်ရာအခက်အခဲအတွက် အဖြေရရှိရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ဥပဒေရေးရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များအား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ Wave Money အနေဖြင့် လုံခြုံရေးကို အလွန်အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်နှင့်အမျှ ယင်းတို့၏ နည်းပညာထိန်းချုပ်မှုများမှတစ်ဆင့် ဖြစ်ပေါ်လျက်ရှိသာ နည်းပညာဆိုင်ရာ အခက်အခဲများကို အခြားသော သုံးစွဲသူများထံသို့ သက်ရောက်မှုမရှိစေရန် လျင်မြန်စွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ Wave Money အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကြောင်းကြား တင်ပြထားပြီးဖြစ်ကာ မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု တစ်ခုအနေဖြင့် ရှိသင့်ရှိထိုက်သော တာဝန်ယူမှုနှင့် လုံခြုံစိတ်ချရသော စံနှုန်းများဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Be the first to comment on "ေငြထုတ္ယူခံၾကရတဲ႔ ကိစၥ Wave Money မွ ရွင္းလင္း"